(10)ချီးမပါချင်လို့

5.3K 759 14
                                    

"သူမ ဘယ်လိုသေသွားတာလဲ"

ထိုမေးခွန်းအတွက် လူတိုင်းမှာ အဖြေမရှိပါချေ။ဘာသရဲတစ္ဆေမှ ပေါ်မလာဘဲ သေသွားတာကတော့ အကြောင်းရှိလိမ့်မည်။

တချို့မိန်းကလေးတွေက ရွံရှာဖွယ်မြင်ကွင်းကြောင့် အော့အန်နေကြသည်။ရှောင်းကျန့်တောင် အန်ချင်စိတ်ကို ထိန်းနေရသည်။အဲ့သွေးတွေနဲ့ ရွံစရာအပုံလိုက်ကြီးကို မကြည့်နဲ့လို့ စိတ်ကအော်ဟစ်နေပါစေ မျက်လုံးကတော့ ရောက်ရောက်သွားသည်။

လူတိုင်း ခဏကြာမှ စိတ်တည်ငြိမ်သွားကြကာ ဒုတိယထပ်ကို သေချာကြည့်တော့သည်။ထို့ပြင် ထိုကျောင်းသူလေး သေဆုံးပုံကို သေချာသိမှ သူတို့လည်း အန္တရာယ်ကို ရှောင်နိုင်မှာဖြစ်သည်။

ဒုတိယအထပ်ဟာ အိမ်ပုံစံပြင်ဆင်ထားပေမဲ့ နန်းတော်ကြီးလို ခမ်းနားလေသည်။အခန်းတွေကလည်း အကျယ်ကြီးဖြစ်ကာ အပေါ်ထပ်အောက်ထပ်ဆိုပြီး နှစ်ထပ်ဖြစ်သည်။

အပေါ်ထပ်မှာက အိပ်ခန်းတွေချည်းဘဲဖြစ်ပြီး အောက်ထပ်မှာသာ ထမင်းစားခန်း၊ဧည့်ခန်းနဲ့ ရေကူးကန်တို့ ရှိလေသည်။

လူတိုင်း ရေကူးကန်ကို မြင်လိုက်တဲ့အချိန်မှာ ချက်ချင်းခုန်ဝင်ချင်စိတ်တွေ ပေါက်လာလေသည်။ရေကူးဝတ်စုံတွေပါ ​သေချာပြင်ဆင်ထားတာကြောင့် ရေချိုးချင်စိတ်က ထိန်းမရတော့ပေ။

ရှောင်းကျန့် ရေချိုးချင်တာကြောင့် ဝမ်ရိပေါ်ကို ကြည့်လိုက်သည်။ဝမ်ရိပေါ်က ခေါင်းခါပြသဖြင့် နှုတ်ခမ်းဆူလိုက်သည်။

"မင်းက အကျင့်မကောင်းဘူး....ငါရေကူးချင်တာကို....သူများတွေတောင် ရေထဲဆင်းကုန်ပြီ"

ရှောင်းကျန့်အပြောကြောင့် ဝမ်ရိပေါ် ရေကူးကန်ထဲ ကြည့်လိုက်တော့ ကျောင်းသား၅ယောက်ကို ရေကူးကန်ထဲမှာ တွေ့လိုက်ရသည်။

"တစ်ခုခု မူမမှန်ဘူး"

"ဘာလဲ....သူတို့တောင် ဘာမှမဖြစ်...."

ရှောင်းကျန့်စကားတောင် မဆုံးသေးခင် ခေါင်းလောင်းသံ ထွက်ပေါ်လာလေသည်။

Ding-dong

အသံထွက်ပြီးတာနဲ့ ရေကူးကန်ထဲက ကျောင်းသားငါးယောက်ဟာ ကြိတ်စက်နဲ့အကြိတ်ခံလိုက်ရသလို ရေထဲမှာလည်နေပြီး ရေကူးကန်က သွေးကန်လုံးလုံး ဖြစ်သွားတော့သည်။

Ding-dong(Season 1)(Completed)Donde viven las historias. Descúbrelo ahora