ရှောင်းကျန့်ဟာ နာရီဝက်လောက်ကြာမှ နိုးလာခဲ့သည်။နိုးလာတော့ အိပ်ချင်မူးတူးနဲ့မို့ ကြောင်တောင်တောင်လေး ဖြစ်နေသည်။
ဝမ်ရိပေါ်ကကုန်းပိုးထားတာမို့ သက်တောင့်သက်သာနဲ့ပင် အိပ်ချင်ပြေသွားအောင် ခေါင်းလေ့ကျင့်ခန်းလေး လုပ်လိုက်သည်။
"ဘယ် ညာ အပေါ် အောက် ဘယ် ညာ အပေါ် အောက်...."
တိတ်ဆိတ်နေတဲ့ ဒီလမ်းမကြီးထက်မှာ ရှောင်းကျန့်ရဲ့ အသံသာ ထွက်ပေါ်နေသည်။အခြားလူတွေကတော့ လမ်းလျှောက်ရတာ ပင်ပန်းတာကြောင့် စကားတောင် မပြောနိုင်ကြပေ။
သို့သော် သူတို့အားလုံးဟာ ရှောင်းကျန့်ကို တစ်ချိန်လုံးသယ်ထားသည့် ဝမ်ရိပေါ်ကိုတော့ စိတ်ထဲကနေ မချီးကျူးဘဲ မနေနိုင်ပေ။
သူတို့သာ ဝမ်ရိပေါ်ဆိုပါက ဆယ်မိနစ်တောင် သယ်နိုင်မှာမဟုတ်သလို အခုလိုအသက်ဘေးကြုံနေရတဲ့ အချိန်မျိုးမှာ ရည်းစားဖြစ်သူက ကုန်းပိုးခိုင်းရင် ပါးချည်းဘဲ ဘယ်ပြန်ညာပြန် ရိုက်ပေးလိုက်မှာ ဖြစ်သည်။
ဒါပေမဲ့ သူတို့သာ ရှောင်းကျန့်ဆိုရင်လည်း ဒီလိုအလိုလိုက်တတ်တဲ့ချစ်သူကို ကြိုက်သလောက် ဆိုးပစ်မှာဖြစ်သည်။ဘယ်လိုဘဲဖြစ်ဖြစ် သူတို့က ရှောင်းကျန့်မဟုတ်သလို ဝမ်ရိပေါ်လည်း ဟုတ်မနေတာက အမှန်တရားသာ ဖြစ်သည်။
"ရိပေါ်....ပေါ်ပေါ်....ပေါ်ပေါ်..."
"ဟင်..."
"ငါ အိပ်ထားလို့ ပင်ပန်းနေတယ်"
ဝမ်ရိပေါ် "....."
လူတိုင်း "....."
'အားးး....ဒီရှောင်းမျိုးရိုးကို တစ်ယောက်လောက် သတ်ပေးကြစမ်းပါ...အိပ်ရတာကို ပင်ပန်းတယ်တဲ့...ဒါဆို လမ်းချည်းဘဲလျှောက်နေပါလား'အခြားလူတွေရဲ့အတွေးကို မသိသည့် ရှောင်းကျန့်ကတော့ ဆက်ပြောလေသည်။
"အဲ့တာကြောင့် ငါ့ကို ဆက်ချီထားဦးနော်...ငါသက်သာလာမှ ဆင်းမယ်နော်"
"မင်းကို အထပ်တွေအားလုံး ကုန်သွားတဲ့အထိ ကုန်းပိုးပေးလို့ရပါတယ်...အဲ့တာကြောင့် မဆင်းချင်ရင် လုံးဝမဆင်းနဲ့...ကိုယ်က ဘာမှမဖြစ်ဘူး"
YOU ARE READING
Ding-dong(Season 1)(Completed)
Fanfictionရှောင်းကျန့် "အားး.....ရိပေါ်....ငါသရဲကြောက်တတ်တယ်...ငါ့ကို ဖက်ထားပေး" ဝမ်ရိပေါ် "ကိုယ်ကလည်း သရဲဘဲလေ" ရှောင်းကျန့် "......"