(6)ပျော်စရာဂိမ်း

6.9K 940 16
                                    

လူတိုင်း ကြောက်လန့်နေစဥ် ကြောက်မက်ဖွယ်မိန်းမအသံကြီး ထွက်ပေါ်လာသည်။

"ဟားဟားဟား.....ဟီးဟီးဟီး....ငါစောင့်မျှော်နေတဲ့အချိန်ဘဲ....လက အနီရောင်ပြောင်းသွားပြီ....ငါ့ရဲ့  သက်ရှိစာကြည့်တိုက်ကလည်း အသက်ဝင်လာပြီ...ဟားဟားဟား....ပျော်စရာအချိန်ဘဲ....ကလေးလေးတွေရေ...မကြောက်နဲ့နော်...ဒါက ကစားရုံပါဘဲ...ဒီမှာ အထပ်၁၅ထပ်ရှိတယ်...မင်းတို့က သတ်မှတ်ချိန်နှစ်နာရီအတွင်း အပေါ်ထပ်ကို တက်နိုင်မဲ့လှေကားကို ရှာရမယ်...ဒီကြားထဲ Ding dongဆိုတဲ့အသံတွေ ထွက်လာလိမ့်မယ်...အသံမြည်တဲ့ အရေအတွက်အလိုက် မင်းတို့တွေ သေရလိမ့်မယ်...သုံးခါမြည်ရင် သုံးယောက်သေမယ်...ဆယ်ခါမြည်ရင် ဆယ်ယောက်သေမယ်...ဘယ်လိုလဲ ပျော်ဖို့ကောင်းတယ်မလား"

ထိုစကားကြောင့် ကျောင်းသားကျောင်းသူတွေအားလုံး ထိတ်လန့်ကုန်ကြသည်။ကျောင်းသူလေးတွေဆို ငိုပါငိုနေကြသည်။ပါလေရာငါးပိချက်ကြီး ရှောင်းကျန့်တောင် တိတ်ဆိတ်နေသည်။သို့သော် နဂိုထဲက အမေးအမြန်းထူသူပီပီ မေးဖြစ်အောင်မေးလိုက်သေးသည်။

"အသတ်....အသတ်ခံရတာက ဘယ်လိုအကြောင်းအရင်းကြောင့်လဲ...ကြုံရာရွေးတာလား"

ရှောင်းကျန့်ဟာ ဒူးတုန်တုန်နဲ့ မေးပြီးနောက် ဝမ်ရိပေါ်ရင်ခွင်ထဲ ဝင်လိုက်သည်။သူ့ကို သတ်သွားမှာကို အရမ်းကြောက်ပါသည်။

"ဟားဟားဟား.....သတ္တိရှိလိုက်တဲ့ ကျောင်းသားလေးဘဲ....မင်းဘေးက လူငယ်လေးကလည်း အံ့သြစရာဘဲ...ကျောင်းသားလေး...ဒါက ကစားတာဆိုတော့ ငါက ကံကိုမကြည့်ဘူး...အရည်အချင်းဘဲကြည့်တယ်....အသံမြည်တာနဲ့ မင်းတို့ကိုသတ်ဖို့ ငါ့ရဲ့အချစ်ကလေးတွေ ရောက်လာလိမ့်မယ်....မင်းအားနည်းရင်တော့ မင်းက အသတ်ခံရလိမ့်မယ်...မင်းတို့မှာ ပုန်းဖို့အခွင့်အရေး ရှိပါသေးတယ်...အပုန်းကောင်းရင်တော့ အသက်ရှင်မှာပေါ့...ခုနက သုံးယောက်က စလာထဲက မင်းတို့ကို ဒီထဲမြှားလာခဲ့တဲ့ ငါ့ရဲ့ကစားစရာလေးတွေမို့ အစမ်းပြတဲ့နေရာမှာ သုံးလိုက်တာ.....ကဲ....ပျော်ရွှင်စရာဂိမ်းလေးကို စလိုက်ရအောင်....ဟားဟားဟား"

ထိုမိန်းမအသံကြီး ပျောက်သွားတော့ အကုန်လုံးဟာ ကြောက်လန့်လွန်းလို့ ဘာလုပ်လို့လုပ်ရမယ်မှန်း မသိတော့ပေ။တစ်ကျောင်းလုံးက ဆရာဆရာမတွေအပါအဝင် ကျောင်းသားတွေနဲ့မို့ အယောက်၃၀၀ ကျော်လေသည်။

Ding-dong(Season 1)(Completed)Waar verhalen tot leven komen. Ontdek het nu