ဒီတောကြီးရဲ့အချိန်ဟာ ကမ္ဘာကြီးရဲ့အချိန်ထက် ပိုမြန်သောနှုန်းနဲ့ ရွေ့လျားနေတာမို့ ရှောင်းကျန့်တို့ စကားများနေချိန်မှာ ညဘက်သို့ အမြန်ရောက်ရှိသွားတာဖြစ်သည်။
ရှောင်းကျန့် ထိတ်လန့်သွားပြီး ဖန်မုဟန်တို့အတွက်လည်း စိုးရိမ်သွားသည်။
"ဘယ်လိုလုပ်ကြမလဲဟင်"
"ဘယ်လိုလုပ်ရမှာလဲ...ငြိမ်ငြိမ်လေးနေရုံကလွဲပြီး ဘာမှမရှိဘူးလေ"
"မုဟန်နဲ့ယန်စန်းတို့ကရော..."
"အဲ့တာကတော့ သူတို့ကံတရားပေါ့...ကိုယ်တို့ဘာမှမတတ်နိုင်ဘူး"
သူတို့ပြောနေတုန်း အမှောင်ထဲကနေ ပြေးလာတဲ့အသံအချို့ကို ကြားလိုက်ရသည်။ဝမ်ရိပေါ်က မြင်နေရတာမို့ ဖန်မုဟန်နဲ့ပိုင်ယန်စန်းမှန်း သိလိုက်သည်။
"သူတို့ပြန်ရောက်လာပြီ"
ရှောင်းကျန့် ပျော်ရွှင်သွားပြီး ဖန်မုဟန်တို့ကို အလောတကြီးမေးလိုက်သည်။မဟုတ်လျှင် ဘာမှမမြင်ရတာမို့ သူတို့ကို ကျော်သွားနိုင်သည်လေ။
"မုဟန်...မင်းတို့အဆင်ပြေတယ်မလား"
ရှောင်းကျန့်အသံကြားတော့ ဖန်မုဟန်တို့ရပ်သွားကြပြီး ရှောင်းကျန့်တို့အနားကို လျှောက်လာသည်။ဖန်မုဟန်ကအမောတကောနဲ့ ရှောင်းကျန့်ကို သူတို့ဖြစ်ပျက်ခဲ့တာတွေကို ပြောပြလေသည်။
"ရှောင်းကျန့်...ငါတို့သေပြီမှတ်နေတာ...ငါတို့လေ ကြောက်စရာကောင်းတဲ့အရာကြီးနဲ့ တွေ့ခဲ့တယ်...အဲ့ဒီအရာကြီးက အမဲရောင်အရိပ်ကြီးလိုဖြစ်ပေမဲ့ သူ့ရဲ့မျက်နှာကြီးက ကြောက်စရာကြီး...ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲဆိုရင် သူ့ရဲ့မျက်နှာကြီးမှာ မျက်နှာပေါင်းများစွာရှိနေတာ...အဲ့မျက်နှာတွေထဲမှာ ရီချုံးမိုတို့မျက်နှာတွေကိုလည်း ငါမြင်ခဲ့သေးတယ်"
ရှောင်းကျန့် ဖန်မုဟန်ပြောတာကို နားထောင်ပြီး ကြောက်လန့်သွားသည်။သူက သရဲဆိုရင်သေအောင်ကြောက်သူမို့ ထိုမျက်နှာမျိုးကို သူမြင်လို့မရပေ။မဟုတ်လျှင် သရဲမသတ်ခင် လိပ်ပြာလွင့်ပြီး အရင်သေသွားလိမ့်မည်။
YOU ARE READING
Ding-dong(Season 1)(Completed)
Fanfictionရှောင်းကျန့် "အားး.....ရိပေါ်....ငါသရဲကြောက်တတ်တယ်...ငါ့ကို ဖက်ထားပေး" ဝမ်ရိပေါ် "ကိုယ်ကလည်း သရဲဘဲလေ" ရှောင်းကျန့် "......"