(47)အသိစိတ်များ

2.8K 480 4
                                    

'ရှင်းရှင်း?'

ရှောင်းကျန့်တစ်ယောက် ကြောင်အသွားသည်။ဝမ်ရိပေါ်က ဘာကြောင့်သရဲကြီးကို 'ရှင်းရှင်း'လို့ ခေါ်တာလဲ သူမသိပေ။သို့သော် မိန်းကလေးဆန်သည့်နာမည်က သူ့ကိုအတွေးများသွားစေသည်။

'ရှင်းရှင်း...ငါတို့မင်းကိုမုန်းတယ်ဆိုတော့ အတိတ်ဘဝတုန်းက အဲ့သရဲကြီးက ငါ့ကိုရောဂါရစေပြီး ဝမ်ရိပေါ်နဲ့အတင်းလက်ထပ်ခဲ့တာများလား... ဘယ်လိုဘဲတွေးကြည့်တွေးကြည့် ဒီကြောက်စရာကောင်းတဲ့သရဲကြီးက ယောကျ်ားကြီးပါ...ဘာလို့ရှင်းရှင်းဖြစ်နေရတာလဲ'

ရှောင်းကျန့်သာ ကြောင်နေသည်မဟုတ်ပေ။သရဲကြီးကပါ ကြောင်အသွားသည်။ဘာလို့ဆို သူမရဲ့နာမည်အရင်းကို ဝမ်ရိပေါ်က သိနေလို့ဖြစ်သည်။တကယ်က သူမဟာ မိန်းမတစ်ယောက်ဖြစ်သည်။

သူမကြောင်အနေစဥ် သူ​မရဲ့နှလုံးသားထဲက မြောက်မြားလှစွာသောအမုန်းတရားများ ပေါ်လာသည်။သူမစားထားတဲ့ဝိဉာဥ်တွေရဲ့ မုန်းတီးနေသောအကြည့်တွေ၊သေစေချင်သောအကြည့်တွေကြောင့် သူမခေါင်းတစ်ခုလုံး နာကျင်သွားကာ အော်ဟစ်နေတော့သည်။

ရှောင်းကျန့်လည်း ဒီမြင်ကွင်းကြောင့် မနေနိုင်စွာဖြင့် ဝမ်ရိပေါ်ကို မေးလိုက်သည်။

"ရိပေါ်...သူမဘာဖြစ်သွားတာလဲ"

"ကိုယ်ကရှင်းရှင်းလို့ခေါ်လိုက်ပြီး မုန်းတယ်လို့ ပြောလိုက်လို့ သူမစားထားတဲ့ ဝိဉာဥ်တွေရဲ့ အမုန်းတရားတွေ ထွက်ပေါ်လာတာ...သူမက ဝိဉာဥ်တွေကို စားလို့ရပေမဲ့ သူတို့ရဲ့အမုန်းတရားတွေကတော့ သူမရဲ့နှလုံးသားထဲမှာ စုပြုံနေတာ...ကိုယ်က တွန်းအားပေးလိုက်ရုံဘဲ...အခုကိုယ်တို့က တုပတစ္ဆေတွေနိုးလာမဲ့အချိန်ကိုစောင့်ပြီး နာရီဝက်အတွင်း သူမပျောက်ကွယ်သွားဖို့ အင်အားနည်းလာအောင် လုပ်ရမယ်....ဒီလောက်လေးနဲ့ သူမအင်အားနည်းမှာမဟုတ်ဘူး"

"ရိပေါ်...မင်းသူမနာမည်ကို ဘယ်လိုသိတာလဲ...ဒီအကြောင်းတွေကိုကော ဘယ်လိုသိလဲ"

"ရှောင်အိုက်ရဲ့ဂူထဲကလေ...နံရံမှာရေးထားတာ...ရှောင်အိုက်အနေနဲ့ သိတဲ့နာမည်ဆိုတော့ သူ့အနီးအနားကလူကလွဲပြီး ဘယ်သူမှမရှိဘူးလေ"

Ding-dong(Season 1)(Completed)Where stories live. Discover now