(41)စကားများကြခြင်း

3K 498 5
                                    

ရှောင်းကျန့်တို့ တဲရှိတဲ့နေရာကို ပြန်ရောက်တော့ ဖန်မုဟန်တို့က မရောက်သေးပေ။ဒီနေရာရဲ့အချိန်က မူလကမ္ဘာကလိုဆိုရင် သိပ်မကြာခင်မှာ ည၆နာရီလောက်ကို ရောက်တော့မည်ဖြစ်ကာ မှောင်လည်းမှောင်တော့မှာဖြစ်သည်။

ထို့ကြောင့် ရှောင်းကျန့် ဖန်မုဟန်တို့အတွက် စိုးရိမ်သွားသည်။မတော်တဆလမ်းပျောက်နေတာဆိုရင် ဘယ်လိုလုပ်မလဲ။

"ရိပေါ်...ငါတို့ သူတို့ကို ထွက်ရှာသင့်လား"

"အမှန်အတိုင်းပြောရရင်တော့ မရှာသင့်ဘူး...ကိုယ့်ကိုယ်ကိုတောင် မကာကွယ်နိုင်သေးတာ သူတို့ကို သွားရှာတာက သွားသေသလိုဘဲ"

"ဒါဆို သူတို့ကို ပစ်ထားလိုက်ရမှာလား...ရိပေါ်... အဲ့တာဆို ငါက တစ်ကိုယ်ကောင်းဆန်တဲ့သူ ဖြစ်မသွားဘူးလား"

"ရှောင်းကျန့်....ဒီလောကကြီးမှာ လူတိုင်းက တစ်မျိုးမဟုတ်တစ်မျိုးတော့ တစ်ကိုယ်ကောင်းဆန်ကြတယ်လေ...ငယ်ရွယ်တဲ့ကလေးတွေက သူတို့အရမ်းကြိုက်တဲ့စားစရာတွေဆို သူငယ်ချင်းအရင်းကြီးဆိုရင်တောင် မကျွေးချင်ဘူး...သူတို့ကျွေးချင်ခဲ့ရင်တောင် အများကြီးစားမှာကိုတော့ မလိုလားကြဘူးလေ...သူတို့က ကလေးတွေမို့ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတဲ့စကားက ကြီးလွန်းတာကြောင့် 'ဒီကလေးက စိတ်ပုပ်လိုက်တာ၊သူ့မှာအများကြီးရှိတာကိုတောင် မကျွေးချင်ဘူး'လို့ဘဲ ပြောခဲ့ကြမှာ...ဒါပေမဲ့ ဒါက တစ်ကိုယ်ကောင်းဆန်တာဘဲမလား...ဆင်းရဲပြီး ရိုးသားကြိုးစားကြတဲ့ကျောင်းသားတွေ...ပညာသင်ဆုရဖို့ အပြိုင်ကြိုးစားကြတယ်...သူတို့က ပညာသင်ဆုကို သူတို့ကိုယ်တိုင်ဘဲ ရချင်တာ...အခြားလူကို မရစေချင်ဘူး...ဒါပေမဲ့ သူတို့မတွေးတာက ကျန်တဲ့ကြိုးစားနေကြတဲ့ကျောင်းသားတွေကလည်း သူတို့လို အဆင်မပြေတဲ့သူတွေချည်းဘဲလေ...သူတို့က သူတို့ကိုယ်တိုင်အတွက်ဘဲ စဥ်းစားနေရလို့ အခြားလူကို ထည့်မသွင်းပေးနိုင်ပေမဲ့ ဒါကလည်း တစ်ကိုယ်ကောင်းဆန်တာဘဲလေ"

"ရိပေါ်...မင်းပြောတာတွေက မှန်တယ်ဆိုပေမဲ့ မှားနေတယ်...အခြားသူငယ်ချင်းတွေကို သူအရမ်းကြိုက်တဲ့မုန့်မကျွေးချင်တဲ့ကလေးက သူ့ရဲ့အခြားမုန့်တွေကိုတော့ သူ့သူငယ်ချင်းတွေကို ကျွေးမှာဘဲလေ...ဒါက တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာထက် သူက သူတန်ဖိုးထားရတဲ့အရာတွေကို သူစိမ်းတွေကို မပေးချင်တာ...အဲ့တာကြောင့် သူ့ရဲ့သူငယ်ချင်းအရင်းကြီးဆိုတာက သူ့အတွက် အရေးကြီးတဲ့သူမဟုတ်လို့ဘဲ...သူ့အတွက်အရေးကြီးရင် သူ့ရဲ့မုန့်အကုန်ကိုတောင် သူပေးလိုက်လိမ့်မယ်...ပြီးတော့ ပညာသင်ဆုရဖို့ကြိုးစားနေတဲ့ကျောင်းသားတွေ...သူတို့က သူတို့ရဲ့ပြိုင်ဘက်တွေလည်း သူတို့လိုလူမျိုးတွေဆိုတာကို သိပေမဲ့ လက်လျှော့လိုက်ရင် အရင်ဆုံးဒုက္ခခံစားရမှာက သူတို့ကိုယ်တိုင်ဘဲလေ...ပြီးတော့ အရည်းအချင်းနဲ့ယှဥ်ပြိုင်ကြတာ...ညံ့တဲ့သူကတော့ ကျရှုံးမှာဘဲ...ဒါက တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာထက် ယှဥ်ပြိုင်တာ...တကယ်လို့ အဲ့ဒီထဲက ကျောင်းသားတစ်ယောက်မှာပေါ့...သူ့ပြိုင်ဘက်က သူအရမ်းချစ်ရတဲ့သူဖြစ်နေရင်တော့ အလျှော့ပေးကောင်းပေးလိမ့်မယ်...ဘာလို့ဆို သူ့ရဲ့တစ်ကိုယ်ကောင်းဆန်မှု ဒါမှမဟုတ် ယှဥ်ပြိုင်မှုက သူ့ရဲ့အချစ်လောက်အရေးမကြီးလို့ဘဲ"

Ding-dong(Season 1)(Completed)Where stories live. Discover now