(24)ငရဲ

3.9K 631 22
                                    

ပန်းတွေက ဒူးခေါင်းလောက်သာ ရှိသဖြင့် အလွယ်တကူ ခုန်နိုင်သော်လည်း သရဲခေါင်းတွေ ဖြစ်ချိန်မှာ ဒူးခေါင်းကျော်တာမို့ ခုန်ရတာ အတော်ခက်လိမ့်မည်။

ထို့ပြင် အရောင်တစ်ခုစီ စုပေါက်နေတာ မဟုတ်ဘဲ အရောင်စုံ စုပေါက်နေတာမို့ တစ်ခါခုန်တိုင်း သရဲခေါင်းတစ်ခုလောက်နဲ့ ဆုံရနိုင်သည်။ထို့ကြောင့် လူတိုင်း ကြိုးစားကာ ခုန်ရတော့သည်။အရှိန်လွန်ပြီး သရဲခေါင်းအပေါ်တော့ မကျချင်ပေ။

ဝမ်ရိပေါ် ရှောင်းကျန့်ကို ကုန်းပိုးထားရင်းနဲ့ ပန်းတွေကို ခုန်ကျော်နေသည်။သူက မြန်လွန်းကာ သန်မာတာကြောင့် ငါးမိနစ်မပြည့်ခင် အခြားလူတွေထက် ခြေလှမ်းဆယ်လှမ်းစာ ကျောသွားလေသည်။

အခြားလူတွေကတော့ ရင်တမမနဲ့ ကျော်လွှားနေရသည်။တစ်ခါခုန်ကျော်တိုင်း ပေါ်ပေါ်လာသည့် သရဲခေါင်းတွေကြောင့် ကြောက်လန့်ကာ မလဲကျစေဖို့ဘဲ မျှော်လင့်ရတော့သည်။

ပန်းခင်းတစ်ဝက်လောက်ရောက်တော့ ဟိုမိန်းမကြီးရဲ့ လွယ်တယ်ဆိုတဲ့စကားက မှန်တယ်လို့ ထင်လာကြသည်။

ထိုအတွေးဟာ ဝမ်ရိပေါ်သွားနေတာ မရပ်ခင်အထိပင်။အိပ်ငိုက်နေသည့်ရှောင်းကျန့်တောင် မျက်လုံးက ဧဝရက်တောင်လောက်အထိ ပြူးကျယ်သွားရသည်။

လူတိုင်း ဝမ်ရိပေါ် ဘာကြောင့်ရပ်သွားသလဲဆိုပြီး ကြည့်လိုက်တော့ ထိတ်လန့်လွန်းလို့ နှလုံးတောင် ကျောက်ရုပ်ဖြစ်မတတ်ပင်။

သူတို့ရဲ့အရှေ့မှာ နေရာလွတ်တောင် မရှိရှာသည့် သရဲခေါင်းတွေချည်းဘဲဖြစ်သည်။အခုက တစ်ဝက်လောက် ရောက်နေပြီမို့ တစ်ဖက်ခြမ်းက လမ်းကိုတောင် မြင်နေရလေပြီ။

ဝမ်ရိပေါ်တစ်ယောက် သူယူလာသည့် ဓားကို တင်းတင်းဆုပ်ကိုင်ကာ သရဲခေါင်းတွေအား ဖြတ်လိုက်သည်။သွေးတွေက ဖြန်းခနဲ ထွက်လာပြီး ဝမ်ရိပေါ်ကိုသာမက ကျောပေါ်က ရှောင်းကျန့်ကိုပါ စင်ကုန်သည်။

ဝမ်ရိပေါ်က ခုတ်ဖြတ်နေတာကို မရပ်ဘဲ သူသွားမဲ့တစ်လျှောက်က ခေါင်းတွေအား ခုတ်ဖြတ်ကာ သွားလေသည်။

Ding-dong(Season 1)(Completed)Where stories live. Discover now