(40)ဆာဂျရီလုပ်ပေးမယ်

3.5K 565 23
                                    

ရှောင်းကျန့် ရန်တွေ့ပြီးတာနဲ့ ရှောင်အိုက်ကိုကြည့်လိုက်တော့ သတ်ဖြတ်ချင်စိတ်က ဂိတ်ဆုံးအထိ ရောက်နေကြောင်း သတိပြုမိလိုက်သည်။ထို့​ကြောင့် ဝမ်ရိပေါ်အနောက်မှာ သူ့ကိုမမြင်နိုင်အောင် ကျုံ့နိုင်သမျှ ကျုံ့နေလိုက်သည်။

"မင်းတို့လူသားတွေကို ငါတကယ်သဘောကျတယ်...ကိုယ်တိုင်က အားနည်းနေတာတောင် အားကြီးတဲ့သူကို မကြောက်မလန့် ပြောနိုင်သေးတယ်နော်"

ဝမ်ရိပေါ် ရှောင်အိုက်ကို စိုက်ကြည့်လိုက်ကာ လှောင်ပြုံးပြုံးလိုက်သည်။

"တကယ်က မင်းက အားနည်းနေတာပါ"

"သေချာလို့လား...ငါက မင်းတို့ထက် အများကြီးသာပါသေးတယ်"

"ဒါဆို ငါလည်း ပြန်မေးလိုက်မယ်...သေချာလို့လား...မင်းက အခုဆာလောင်ငတ်မွတ်နေတယ်...ပြီးတော့ လက်တစ်ဖက်လည်း ပြတ်နေပြီ...သွေးထွက်လည်းလွန်နေသေးတယ်...မင်းသိရမှာက မင်းက သေပြီးသားမဟုတ်ဘူးနော်...သက်ရှိဘဲ...အခုအချိန်မှာ မင်းက ငါ့ကို မယှဥ်နိုင်လောက်ဘူး"

စကားဆုံးတာနဲ့ ဝမ်ရိပေါ်က လျင်မြန်လှတဲ့အရှိန်နဲ့ ရှောင်အိုက်ရဲ့ နောက်လက်တစ်ဖက်ကို ဖြတ်ပစ်လိုက်ကာ ကျောကိုကန်ချပြီး ခြေထောက်ကို တက်နင်းလိုက်သည်။ပြင်းထန်လှတဲ့အားကြောင့် ခြေသလုံးက အရိုးပေါ်သည်အထိ ကြေမွသွားသည်။

နာကျင်မှုကြောင့် ရှောင်အိုက်အော်ဟစ်နေသည်။သို့သော်လည်း သူက ခွန်အားကြီးသူမို့ ပြန်လည်ရုန်းကာ ဝမ်ရိပေါ်ကို လက်သီးနဲ့ ထိုးလိုက်သည်။

သို့သော် ခန္ဓာကိုယ်ပိုသေးတဲ့ ဝမ်ရိပေါ်က အမြန်ရှောင်လိုက်ပြီး ရှောင်အိုက်ကို လက်သီးနဲ့ထိုးလိုက်သည်။လက်သီးက ဗိုက်ကိုဖောက်ဝင်သွားကာ အူတွေတောင် အပြင်ထွက်လာသည်။

ဝမ်ရိပေါ်က ထိုမြင်ကွင်းကို ရှောင်းကျန့်မမြင်အောင် ရှောင်းကျန့်ကို သူတို့တိုက်ခိုက်နေမှုအား မမြင်နိုင်သည့်နေရာသို့ ပြောင်းရွေ့လိုက်သည်။

ခုနက ရိပေါ်ရဲ့တိုက်ခိုက်မှုကြောင့် ရှောင်အိုက်က လှုပ်ဖို့ရာပင် အားသိပ်မကျန်တော့ပေ။သူက ဒူးတစ်ဖက်ထောက် ထိုင်နေပြီး အသက်ပြင်းပြင်းရှူနေရသည်။ထို့ပြင် အားနည်းတဲ့လူသားတစ်ယောက်က သူ့ကို တိုက်ခိုက်နိုင်မယ်လို့ လုံးဝထင်မထားခဲ့ပေ။

Ding-dong(Season 1)(Completed)Opowieści tętniące życiem. Odkryj je teraz