(38)ရှောင်အိုက်

3.8K 583 37
                                    

ဝမ်ရိပေါ် ရှောင်းကျန့်ကို သူ့အနောက်သို့ပို့လိုက်ကာ သူ့အရှေ့ကအရာကြီးကို ကြည့်လိုက်သည်။မှောင်နေသော်လည်း သူကတော့ ထိုအရာကြီးကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

လူဝံလို ခန္ဓာကိုယ်ရှိကာ လက်ညိုးအရွယ်သွားအစွယ်တွေလည်း ရှိကာ rockerတွေလို ဆံပင်အရှည်လည်း ရှိသေးသည်။မျက်လုံးပေါက်ကျဥ်းကာ နှာခေါင်းကတော့ လူနဲ့ဆင်လေသည်။အသားအရည်က နက်မှောင်နေပြီး လက်ချောင်းက သုံးချောင်းသာ ရှိပါသည်။

ဝမ်ရိပေါ်အနေနဲ့ သေချာတာတစ်ခုကတော့ သူ့အရှေ့ကအကောင်ကြီးဟာ သေချာပေါက်သက်ရှိဖြစ်ပါသည်။

"ဟားဟား...ဒီငစနူကောင်လေးက သိပ်ကြောက်တတ်တာဘဲ...ကြောက်နေတာတောင် လည်ချောင်းနာမှာကို စိုးရိမ်ပေးသေးတယ်ပေါ့"

ဝမ်ရိပေါ်အနောက်က ရှောင်းကျန့်ဟာ ဘာမှမမြင်ရသော်လည်း အသံကြောင့် ကြောက်နေသည်။သို့သော် သူ့ကိုပြောတာကိုတော့ ပြန်ပြောလိုက်ပါသေးသည်။

"ဘာလို့စိုးရိမ်ရမှာလဲ...အခုလည်းချောင်မနာတာတောင် အသံက စိတ်ပျက်စရာကောင်းနေတာကို...လည်ချောင်းပါနာသွားရင် ဒီထက်ပိုဆိုးသွားမှာပေါ့...ကျွန်တော်က ကျွန်တော့်နားလေးအတွက် ပြောတာပါနော်"

"ဟားဟား....ဒါဆို မင်းက ငကြောက်လေး မဟုတ်ဘူးဘဲ...ငါက ဒါမျိုးမှ စားချင်တာ...အသားလေးက ချိုနေမှာဘဲ"

"ခင်ဗျားသိလား...ကျွန်တော်ငယ်ငယ်ထဲက အချိုမှုန့်တွေစားလာတာ...ကျွန်တော့်ကိုသာ စားလိုက်ရင် ခင်ဗျားရောဂါရလိမ့်မယ်...ပြီးတော့ ကျွန်တော်က ဝက်သားအရမ်းကြိုက်တာ...နေ့တိုင်းဝက်သားစားတယ်...ခင်ဗျားကျွန်တော့်ကို စားလိုက်ရင် အဆီပိတ်ပြီး သေလိမ့်မယ်...ထပ်ပြီးပြောရမယ်ဆိုရင် ကျွန်တော်က ငယ်ငယ်ထဲက နေမကောင်းတော့ ဆေးတွေချည်းဘဲ သောက်လာတာ...ကျွန်တော့်အသားက ခါးနေမှာအသေအချာဘဲ"

"ခါးနေလည်း ကိစ္စမရှိဘူး...သကြားထည့်စားမှာပေါ့"

"ကျွန်တော်က သကြားနဲ့မတည့်ဘူး...သကြားထည့်စားရင် အရသာပိုဆိုးသွားလိမ့်မယ်"

"ကိစ္စမရှိဘူး...ရှာလကာရည်ပါထည့်လိုက်မယ်"

"ခင်ဗျားသိလား...အမွှေးများတဲ့အသားတွေက ရှာလကာရည်ထည့်လို့မရဘူး...ကျွန်တော်က အမွှေးထူတယ်"

Ding-dong(Season 1)(Completed)Where stories live. Discover now