(43)ထိန်းချုပ်ခံရခြင်း

2.9K 467 0
                                    

ဖန်မုဟန် ရှောင်းကျန့်ကို စိုက်ကြည့်လိုက်ပြီး မုန်းတီးစွာ ပြောလေသည်။

"ရှောင်းကျန့်...ငါမင်းကို အရမ်းမုန်းတယ်ဆိုတာသိလား"

"ဘာလို့လဲ...မင်းက မုဟန်အစစ်လည်း မဟုတ်ဘဲနဲ့...ငါနဲ့က တစ်ခါမှမသိဖူးဘူးလေ"

"ငါက ဖန်မုဟန်မစစ်ဘူးလို့ မင်းကိုဘယ်သူပြောလဲ"

"မုဟန်သာဆိုရင် ငါ့ကိုဒီလိုတွေမပြောဘူး...ပြီးတော့ မုဟန်ရဲ့လက်ညိုးမှာ အမာရွတ်ရှိတယ်...မင်းမှာမရှိဘူး"

ဖန်မုဟန်က သူ့လက်ညိုးကိုသူကြည့်ပြီး အော်ရယ်တော့သည်။

"ဒီလက်ညိုးက အမာရွတ်က တကယ်တော့ ပျောက်သွားတာ...မင်းသိလား...ဒီအမာရွတ်က ဘာကြောင့်ရခဲ့လဲဆိုတာ"

"မင်းချုံးမိုနဲ့ဆော့ရင်း ရခဲ့တာလေ"

"မဟုတ်ဘူး...ဒီအမာရွတ်က မင်းကြောင့်ရခဲ့တာ...ငါနဲ့ချုံးမိုတို့ တစ်ယောက်ကို တုတ်တစ်ချောင်းစီနဲ့ သိုင်းချတိုင်း ဆော့နေခဲ့တယ်...အဲ့အချိန်မှာ အခြားကလေးတွေနဲ့ဆော့နေတဲ့မင်းက အသံအကျယ်ကြီးနဲ့ ရီချုံးမိုကို လှမ်းခေါ်တယ်...သူက မင်းအသံလည်းကြားရော မင်းဆီကိုသွားဖို့ လုပ်တယ်လေ...အဲ့တော့ ငါလည်း သူမင်းဆီမသွားအောင် ကိုယ့်ကိုယ်ကို ဒဏ်ရာရအောင်လုပ်ခဲ့တာပေါ့"

"ဘာလို့လဲ"

"ဘာလို့လဲဟုတ်လား...ငါမင်းကိုမုန်းလို့ဘဲ...အမြဲတမ်းမင်းက လူတိုင်းရဲ့ အာရုံစိုက်တာခံရတယ်...သူငယ်ချင်းတွေရဲ့ ဦးစားပေးတာလည်း ခံရတယ်...မိဘတွေကလည်း အရမ်းချစ်ပေးတယ်....အခုလို အန္တရာယ်ရှိတဲ့အခြေအနေမျိုးမှာတောင် မင်းကို အသက်ပေးမတတ် စောင့်ရှောက်ပေးတဲ့ ဝမ်ရိပေါ်ရှိနေတယ်လေ"

"အဲ့တာတွေကြောင့် ငါ့ကို မုန်းတာလား...မုဟန် မင်းလည်း မင်းမိဘတွေချစ်တာကိုခံရတာဘဲလေ...သူငယ်ချင်းတွေကလည်း မင်းကိုဂရုစိုက်ကြတာဘဲ...ဘာကများ မင်းငါ့ကို မုန်းသွားတာလဲ ငါစဥ်းစားမရဘူး"

"မုန်းတဲ့အချက်တွေကတော့အများကြီးဘဲ...ရှောင်းကျန့်...ငါမင်းကို အရမ်းမုန်းတယ်"

ရှောင်းကျန့် ပြန်ပြောရန်ပြင်လိုက်စဥ် ဝမ်ရိပေါ်က သူ့လက်ကိုဆွဲပြီး တိုးတိုးလေး ပြောလာသည်။

Ding-dong(Season 1)(Completed)Where stories live. Discover now