(15)တတိယအထပ်

4.6K 709 12
                                    

ရှောင်းကျန့်တို့ လှေကားရဲ့ထိပ်ဆုံးကိုရောက်တော့ တံခါးဆယ်ချပ်ကို တွေ့လိုက်ရသည်။

"အဲ့အဖွားကြီးက အဆုံးထိ ခေါင်းစားအောင် အရမ်းလုပ်တယ်"

ရှောင်းကျန့်ရဲ့ ညီးညူသံကို လူတိုင်းထောက်ခံလိုက်ကြသည်။ဝမ်ရိပေါ်တောင် မထင်မှတ်ထားတာကြောင့် ခေါင်းရှုပ်သွားသည်။

"ဘယ်တံခါးကို ရွေးကျမှာလဲ"

ဖန်မုဟန်က ဝမ်ရိပေါ်ကို အားကိုးတကြီးကြည့်လိုက်သည်။ဝမ်ရိပေါ်က ခေါင်းခါပြလိုက်သည်။

"ကဲ...ကဲ...တံခါးရွေးချယ်ပွဲကြီး စပါတော့မယ်...အချိန်က ၅မိနစ်...တံခါးတစ်ပေါက်ကို လူဆယ်ယောက်ဘဲ ဝင်လို့ရမယ်...ဒါက အပိုmissionလေးမို့ အန္တရာယ်မရှိပါဘူး..."

ထိုမိန်းမကြီးအသံ ထွက်ပေါ်လာပြီးနောက် လူငါးယောက်လောက်သာ ဆန့်သည့် လှေကားထိပ်ဆုံးအထစ်ဟာ တံခါးပေါက်ပထမတစ်ခုကနေ ဆယ်ခုမြောက်အထိ ကျယ်ပြန့်သွားသည်။

လူတိုင်း ဘာလုပ်ရမယ်မှန်း မသိတော့ပေ။အခုတော့ သူတို့ကံကိုသာ ပုံအပ်ရတော့မည့်ဘဝကို ရောက်နေပြီဖြစ်သည်။

"ရိပေါ်...ဘာမှ သဲလွန်စမရှိတော့ ကံကိုပုံအပ်ပြီး ရွေးရတော့မယ်....အနီရောင်တံခါးကို ရွေးရအောင်"

"ဘာလို့ အဲ့တံခါးကို ရွေးတာလဲ"

"အဲ့တာ ငါကြိုက်တဲ့အရောင်မို့လို့"

"......"

အခုချိန်က အကြိုက်ဆုံးအရာတွေထက် တစ်ခုခုကို စဥ်းစားပြီး ရွေးချယ်သင့်တဲ့အခြေအနေဖြစ်ပေမဲ့ ရှောင်းကျန့်ကတော့ သူကြိုက်တာသူရွေးမှာ ဖြစ်သည်။

ဝမ်ရိပေါ်က တစ်ခုခုကို စဥ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။တခြားလူတွေကတော့ ဝမ်ရိပေါ်ဘာကြောင့် လက်ခံလိုက်လဲ မစဥ်းစားတတ်ပေ။

ပုံမှန်အားဖြင့် အနီရောင်နဲအနက်ရောင်ဟာ လူတွေမရွေးမဲ့အရောင်တွေဖြစ်ကြသည်။ထို့ကြောင့် ဝမ်ရိပေါ်ရွေးတဲ့နောက်ကို လိုက်ချင်တဲ့လူတချို့က တွေဝေသွားကြသည်။ပိုင်ယန်စန်းတို့ကတော့ ရှောင်းကျန့်နဲ့တစ်ဖွဲ့ထဲမို့ အနီရောင်တံခါးထဲ လိုက်ဝင်ကြသည်။

Ding-dong(Season 1)(Completed)Where stories live. Discover now