ရီချုံးမိုတို့ ငါးထပ်မြောက်ကို ရောက်ချိန်မှာ အမှောင်ထုကြီးကို ရင်ဆိုင်လိုက်ရသည်။ဝမ်ရိပေါ်လိုလူတစ်ယောက် မပါသည့်အတွက် ကြောက်စရာသတ္တဝါကြီးပေါ်လာတာကိုလည်း သတိမထားမိခဲ့ကြပေ။
ဘေးနားက ကျောင်းသားတစ်ယောက်ရဲ့ အော်သံကြားမှ ကြောက်လန့်တကြား ထွက်ပြေးရတော့သည်။မမြင်ရတဲ့တောကြီးထဲကို ပြေးရသည်မှာ လူသားတွေအနေနဲ့ မလွယ်မကူပေ။
အကြောက်တရားကြောင့် တကွဲတပြားစီ ပြေးထွက်ချိန်မှာ အဖော်မပါတစ်ယောက်တည်းဖြစ်နေသည့် ခံစားချက်က သေရသည်ထက် ပိုတောင်ကြောက်ဖို့ကောင်းပါသည်။
ဘာမှန်းမသိသည့်အရာကြီးကြောင့် သေခြင်းအငွေ့အသက်တွေ နီးကပ်လာပေမဲ့ အသက်ရှင်ချင်စိတ်ကြောင့် တတ်နိုင်သလောက် ပြေးကြပါသည်။
ပိုင်မုံ့မုံ့ဟာ အခြားသူတွေနဲ့ ကွဲသွားချိန်မှာ ဆက်ပြေးခဲ့ပေမဲ့ အချိန်အကြာကြီး မပြေးခဲ့ပါပေ။သူမ ခဏလေးနဲ့ ရပ်တန့်ခဲ့သည်။သူမက မိန်းကလေးတစ်ယောက်။သူမအသက်ဟာ ၁၈နှစ်တောင် မပြည့်သေးပေ။သူမအနေနဲ့ နောက်ကြုံလာရမဲ့အရာတွေထက် သေခြင်းတရားက ပိုကောင်းတယ်လို့ ထင်မြင်မိခဲ့သည်။ထို့ကြောင့် ပြေးနေတာကို ရပ်လိုက်တာနဲ့ မျက်လုံးမှိတ်ကာ သေခြင်းကို စောင့်ကြိုလိုက်ပါသည်။
မျက်ရည်တွေက သူမပါးပေါ်ကနေ ကျဆင်းလာခဲ့သည်။သူမရဲ့မိဘတွေ အဖိုးအဖွားတွေထက် သူမက အရင်ဆုံး သေဆုံးရပါတော့မည်။
ကြောက်စရာအရာကြီးက ချက်ချင်းဘဲ သူမရဲ့ဝိဉာဥ်ကို နှုတ်ယူလိုက်ပါတော့သည်။သူမကိုယ်ကတော့ အကောင်းတိုင်ပင် တောကြီးထဲမှာ လဲကျသွားခဲ့သည်။
သူမတစ်ယောက်သာ ထိုသို့ဖြစ်သည်မဟုတ်ပေ။အခြားကျောင်းသားတွေလည်း သူမလိုပင်။သူတို့က ပြေးသည့်အချိန်မှာ သစ်ပင်တွေနဲ့ ဝင်တိုက်မိတာကြောင့် ဆက်မပြေးနိုင်တော့ဘဲ ဝိဉာဥ်အနှုတ်ခံရခြင်း ဖြစ်သည်။
ဖုရိနဲ့ဖုဖန်တို့ ညီအကိုနှစ်ယောက်က အမွှာတွေပီပီ လူစုမကွဲသွားဘဲ အတူတူပြေးကြသည်။သူတို့မှာ အသက်ရှင်ချင်စိတ်လည်း ရှိတာကြောင့် အစွမ်းကုန်ကြိုးစားပြေးပါသည်။
![](https://img.wattpad.com/cover/291942312-288-k191192.jpg)
YOU ARE READING
Ding-dong(Season 1)(Completed)
Fanfictionရှောင်းကျန့် "အားး.....ရိပေါ်....ငါသရဲကြောက်တတ်တယ်...ငါ့ကို ဖက်ထားပေး" ဝမ်ရိပေါ် "ကိုယ်ကလည်း သရဲဘဲလေ" ရှောင်းကျန့် "......"