(21)စုယီ

4.1K 656 22
                                    

ခဏအကြာမှာ ရှောင်းကျန့်တစ်ယောက် ဝမ်ရိပေါ်ကျောမှဆင်းကာ လမ်းလျှောက်တော့သည်။သို့သော် လမ်းလျှောက်တယ်လို့ ပြောလို့မရလောက်အောင် သူ့တစ်ကိုယ်လုံးနီးပါးကို ဝမ်ရိပေါ်အားမှီပြီး လျှောက်နေတာဖြစ်သည်။

အခြားလူတွေကလည်း ဘာမှမပြောကြပေ။သူတို့ဆီမှာ လူကြီးတစ်ယောက်မှမှ မရှိဘဲ ရွယ်တူတွေနဲ့ ငယ်သူတွေသာ ရှိတာကြောင့် အထက်တန်းနောက်ဆုံးနှစ်ကျောင်းသား ရှောင်းကျန့်ကို ဆူပူလို့မရပေ။

အကယ်၍ ကျောင်းအုပ်ကြီးသာ ဒီအုပ်စုထဲရှိပါက ရှောင်းကျန့်ကို ဆူပစ်နေလောက်သည်။သို့သော် ကျောင်းအုပ်ကြီးက ကံကောင်းလွန်းသည်။သူအစည်းအဝေးသွားတက်တဲ့နေ့မှ သူတို့အားလုံး ဒီထဲအသွင်းခံရတာမို့ မပါလာခြင်းဖြစ်သည်။

ရှောင်းကျန့်တို့ နောက်ပြန်လှည့်တာ တစ်ဝက်လောက်မှာ ခွဲထွက်သွားသည့်အဖွဲ့နဲ့ ပြန်ဆုံလေသည်။ကြည့်ရတာ သူတို့လည်း မှားတယ်ထင်ပြီး နောက်ကြောင်းပြန်လှည့်လာတာ ဖြစ်နိုင်သည်။

သို့သော် ထိုအဖွဲ့ဝင်တွေပုံစံကို တွေ့လိုက်ရမှ မှားလို့နောက်ကြောင်းလှည့်လာတာမဟုတ်ဘဲ သူတို့နဲ့ပြန်ပေါင်းဖို့ သူတို့နောက်လိုက်လာခြင်း ဖြစ်သည်။

"ဝမ်ရိပေါ်...ငါတို့ တောင်းပန်ပါတယ်...ငါတို့မင်းတို့အဖွဲ့နဲ့ ပြန်ပေါင်းပါရစေ"

"ဟုတ်တယ်...ငါတို့သာ ကံမကောင်းရင် အကုန်သေနေလောက်ပြီ...အခုတော့ ကိုးယောက်ဘဲ သေလို့ပေါ့"

ဝမ်ရိပေါ် သူ့ရှေ့က တောင်းပန်နေကြတဲ့လူဆယ့်တစ်ယောက်ကို ပြန်လက်ခံလိုက်သည်။ဘာလို့ဆို ထိုအဖွဲ့ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သူကာကွယ်ရမဲ့သူက တစ်ယောက်ထဲသာ။အခြားသူတွေက ကြုံကြိုက်လို့ ကယ်ပေးတာဘဲ ဖြစ်သည်။ရှောင်းကျန့်မဟုတ်တဲ့ ဘယ်သူသေသေ သူဂရုစိုက်နေမှာမဟုတ်ပေ။

သို့သော် သူ့ရဲ့မသိစိတ်ကတော့ ထိုအဖွဲ့က တစ်ခုခု လွဲနေလေသည်။ဒါပေမဲ့ ဘာလည်းဆိုတာကို သူမသိပေ။

ရှောင်းကျန့်ကတော့ ထိုလူတွေကို ကြည့်မရတာမို့ လျစ်လျူရှုထားသည်။သို့သော် သူ့အာရုံကို ဆွဲဆောင်နေတာ တစ်ခုရှိသည်။အဲ့တာကတော့ ဝမ်ရိပေါ်ကို ရန်တွေ့ခဲ့တဲ့ကျောင်းသူလေးဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး ငူငူငေါင်ငေါင်ကြီး ဖြစ်နေလေသည်။

Ding-dong(Season 1)(Completed)Donde viven las historias. Descúbrelo ahora