(23)Flower hell

4K 615 32
                                    

ရှောင်းကျန့်တို့  တံခါးကနေ ဝင်လိုက်တော့ မြင်လိုက်ရတာက လှပတဲ့ ပန်းခင်းကြီးဖြစ်သည်။ပန်းတွေက အရောင်စုံကာ လှလွန်းတာကြောင့် လူတိုင်း အံ့သြမင်သက်ကုန်သည်။

သူတို့အနေနဲ့ စတုတ္ထအထပ်က ပန်းခင်းကြီးလို့ မထင်ထားတာက အမှန်ဖြစ်သည်။ထို့နောက် ရှောင်းကျန့် ရွေးလိုက်တာက Heavenလို့ ထင်မိသွားသည်။

သို့သော် သူတို့အထင်က တစ်စက္ကန့်သာ ကြာလိုက်သည်။ဘာကြောင့်လဲဆိုတော့ လှပလွန်းတဲ့ပန်းတွေဟာ အစွယ်တွေရှိတဲ့သရဲခေါင်းတွေအဖြစ် ပြောင်းသွားလို့ဖြစ်သည်။

လှပလှတဲ့ပန်းခင်းကြီးနေရာမှာ ကြောက်စရာကောင်းလှသည့်ခေါင်းတွေကိုသာ သူတို့မြင်နေရတော့သည်။

"Flower hellကနေ ကြိုဆိုပါတယ်....Mission အကြောင်းလည်း ပြောပြပါ့မယ်...အရမ်းအရမ်းအရမ်းကို လွယ်တာနော်... အချိန်ကလည်း မကန့်သတ်ထားဘူး... ဒီပန်းခင်းကြီးရဲ့အဆုံးမှာ လမ်းမရှိတယ်...လမ်းမကိုရောက်တာနဲ့ လှေကားကို တွေ့ပါလိမ့်မယ်...ဒါဆို missionက ဒီပန်းခင်းကြီးကို ဖြတ်ပြီး လမ်းမပေါ်ကို ရောက်ဖို့ပါဘဲ...အရမ်းလွယ်တယ်မလား...ကံကောင်းကြပါစေနော်"

ထိုမိန်းမကြီးအသံပျောက်သွားတာနဲ့ လူတိုင်းစိတ်ထဲကနေ ဆဲလိုက်ကြသည်။အပြင်ဘက်မှာတော့ ထုတ်မဆဲရဲပေ။

ထို့ပြင် သူတို့အားလုံးက ရိုးတံပေါ်က ခေါင်းပြတ်သရဲတွေကို ဖြတ်သွားရမှာမို့ ထိတ်လန့်ကြောက်ရွံနေမိသည်။

"ငါတောင်းပန်ပါတယ်...ငါ့ကြောင့်ပါ...ငါရွေးလိုက်မိလို့ ဒီလိုဖြစ်သွားတာ"

"မင်းအမှားမဟုတ်ပါဘူး ရှောင်းကျန့်...ဒါက ငါတို့ကံတရားမို့လို့ပါ"

"ဟုတ်တယ်...မင်းရွေးရွေးမရွေးရွေး ဒီနေရာကို ရောက်ကိုရောက်မယ်လို့ သတ်မှတ်ထားရင် ဘာမှလုပ်လို့မရဘူးလေ"

ဖန်မုဟန်နဲ့ရီချုံးမိုက သူငယ်ချင်းဖြစ်သူကို နှစ်သိမ့်နေကြသည်။အခြားသူတွေကလည်း သူတို့ပြောတာကို ထောက်ခံလေသည်။

ထို့နောက် အားလုံးရဲ့အကြည့်က ဝမ်ရိပေါ်ဆီ ရောက်သွားသည်။သူတို့အကြည့်တွေက 'မင်းရည်းစားရဲ့လုပ်ရပ်ကို မင်းတာဝန်ယူရမယ်'လို့ ပြောနေသည်။

Ding-dong(Season 1)(Completed)Where stories live. Discover now