(17)ရစ်တတ်လွန်းသူလေး

4.5K 697 23
                                    

ရှောင်းကျန့်ရဲ့အသံကိုကြားတာနဲ့ ဝမ်ရိပေါ်က ချက်ချင်းဘဲ ရှောင်းကျန့်ပါးစပ်ကိုပိတ်ကာ ရှောင်းကျန့်ကိုချီမပြီး ခုနကရပ်နေတဲ့နေရာရဲ့ ဘေးကိုရွေ့လိုက်သည်။

အကုန်လုံး တုပ်တုပ်ပင်မလှုပ်ရဲကြကာ အသက်တောင် ရဲရဲမရှုရဲပေ။ဘာကြောင့်ဆို ခုနက ရှောင်းကျန့်အသံထွက်လာတာနဲ့ ချက်ချင်းဘဲ ဝိဉာဥ်အုပ်စုကြီးက ရောက်သွားလို့ဖြစ်သည်။

ထို့ကြောင့် တစ်ယောက်မှ အသံမထွက်ရဲကြပေ။ရှောင်းကျန့်ကတော့ သူ့အသံကြောင့် အန္တရာယ်ကျမလို ဖြစ်သွားတာမို့  တုန်လှုပ်နေသည်။

ဝမ်ရိပေါ်က ရှောင်းကျန့်ကျောကုန်းကို ခပ်ဖွဖွလေးပုတ်ပေးကာ နှစ်သိမ့်နေသည်။ဆယ်မိနစ်လောက်ကြာပြီးနောက် အလင်းရောင်ပေါ်လာကာ ဝိဉာဥ်တွေလည်း ပျောက်ကုန်သည်။

ထိုအခါမှ လူတိုင်းသက်ပြင်းချပြီး စိတ်ပင်ပန်းစွာနဲ့ ကားလမ်းမအပေါ်မှာ ထိုင်ချကုန်တော့သည်။

"သေတော့မလို့"

"ဟုတ်တယ်...အသံဘဲ မထွက်ရလို့တော်သေးတယ်...မဟုတ်လို့ကတော့ အကုန်သေကုန်မှာ"

"ရှောင်းကျန့်လည်း ဝမ်ရိပေါ်ရှိလို့ ကံကောင်းသွားတယ်...မဟုတ်ရင် မတွေးရဲစရာဘဲ"

လူတိုင်းခေါင်းညိတ်လိုက်ကြပြီး ရှောင်းကျန့်ကို ကြည့်လိုက်ကြသည်။ရှောင်းကျန့်က အခုအချိန်အထိ ဝမ်ရိပေါ်ရင်ခွင်ထဲမှာပင်။

"သူတော်တော်လန့်သွားမှာဘဲ"

"ဟုတ်တာပေါ့...သေခြင်းနဲ့ နီးကပ်သွားတာလေ"

"အဲ့တာကြောင့် ဒီလိုအချိန်မှာ စကားပြောတာကအစ သတိထားရမယ်"

"ရှောင်းကျန့်လည်း အခုကိစ္စကြောင့် နောက်နောင် ဆင်ခြင်နိုင်မှာပေါ့"

ရှောင်းကျန့်ကတော့ ထိုလူတွေ ဘာတွေပြောနေလဲဆိုတာကို မသိပေ။သူက သူ့အတွေးထဲက ထွက်လို့မရဖြစ်နေသည်။

တကယ်လို့ ဝမ်ရိပေါ်သာ သူ့ကို အချိန်မှီမကယ်နိုင်ခဲ့ရင် သူက တစစီဖြစ်သွားမှာလား၊ဒါမှမဟုတ် အသွေးအသားတွေ စုပ်ယူခံလိုက်ရပြီး အရိုးခြောက်ကြီး ဖြစ်သွားမှာလား၊ဒါဆို သူက သေရင်မလှတော့ဘူးပေါ့၊သူ့ရဲ့ အခေါင်းထဲက ကိုယ်ခန္ဓာကို ဘယ်သူကမှ ကြည့်ရဲမှာမဟုတ်တော့ဘူးပေါ့။

Ding-dong(Season 1)(Completed)Opowieści tętniące życiem. Odkryj je teraz