(36)အိမ်မက်များ

3.4K 560 21
                                    

ရှောင်းကျန့် ဝမ်ရိပေါ်ကိုကြည့်ကာ ငိုမဲ့မဲ့နဲ့ ပြောလိုက်သည်။

"ငါတို့ ဘယ်လိုလုပ်ကြမလဲ...ဒီmissionက လွယ်မှမလွယ်တာကို...အီးဟီး...ပါးပါး....ကူညီပါဦး...ဒီမှာ ပါးပါးသားက သေရတော့မယ်....ပါးပါး...ပေါ်ပေါ်...ပေါ်ပေါ်"

"ဘာမှမဖြစ်ပါဘူး...ကိုယ်က အရမ်းတော်တယ်လေ...ဒီကိစ္စကို ဖြေရှင်းနိုင်မှာပါ"

"ငါက အရမ်းညံ့တယ်လေ"

"ကိစ္စမရှိဘူး...မိသားစုတစ်ခုမှာ အိမ်ထောင်ဦးစီးက တော်နေရင် အဲ့မိသားစု ဘာမှဖြစ်မှာမဟုတ်ဘူး"

"ဒါပေမဲ့ ညံ့ဖျင်းတဲ့အိမ်ရှင်မကြောင့် အဲ့မိသားစုပျက်ဆီးသွားနိုင်တာဘဲကို"

"အိမ်ထောင်ဦးစီးသာ အဓိကပါ...သူက သေချာပေါက်ကာကွယ်မှာပေါ့"

"သေချာတယ်နော်"

"သေချာတယ်"

"ဒါဆို အခုကစပြီး မင်းဘဲဦးဆောင်တော့"

ထိုစကားကြောင့် ဝမ်ရိပေါ်ရယ်ချင်သွားသည်။တစ်လျှောက်လုံး သူချည်းဘဲ ဦးဆောင်ခဲ့တာ မဟုတ်ပါလား။

"ငါတို့အခုဘာလုပ်ကြမှာလဲ"

ပိုင်ယန်စန်းက လေးလေးနက်နက်နဲ့ ဝမ်ရိပေါ်ကို မေးလိုက်သည်။ဒီကမ္ဘာထဲမှာ သူတို့ပါသေကုန်လျှင် သူတို့သေတာကို ဘယ်သူမှ မသိမှာ စိုးရိမ်မိပါသည်။အနည်းဆုံးတော့ တစ်ယောက်လောက်က အသက်ရှင်မှရမည်။

"ငါတို့တွေ တောထဲမှာ သဲလွန်စတွေ ရှာကြတာပေါ့...မမှောင်ခင်တော့ ​ဒီနေရာကို ပြန်ရောက်မှရမယ်"

အကုန်လုံး ခေါင်းငြိမ့်ထောက်ခံကာ တောထဲကို ဝင်လိုက်ကြသည်။နှစ်ယောက်စီခွဲသွားတာမို့ သဲလွန်စရှာတဲ့နေရာမှာ ကြာနိုင်ပါသည်။သို့သော် တစ်ယောက်တည်းသွားလျှင်လည်း အန္တရာယ်ရှိနိုင်တာကြောင့် အချိန်ထက် အသက်ကိုသာ ဦးစားပေးလိုက်သည်။

ရှောင်းကျန့် ဝမ်ရိပေါ်လက်ကိုတွဲရင်း တောထဲပါသွားလေသည်။သူက ရှာလည်းမတွေ့မဲ့အတူတူ ဘယ်မှမကြည့်ဘဲ ဝမ်ရိပေါ်ကိုသာ စကားပြောနေလိုက်သည်။

"ရိပေါ်...၇ရက်က လုံလောက်ပါ့မလား...အဲ့ဟာကြီးက ဘာကြီးမှန်းတောင်မသိတဲ့ဟာကို "

Ding-dong(Season 1)(Completed)Where stories live. Discover now