(33)ရေရှာခြင်း

3.7K 584 17
                                    

ရှောင်းကျန့်တို့ နိုးတဲ့အချိန်မှာ နေက ထွက်နေလေပြီ။အခုမှ သူတို့လည်း သာမန်လို နေ့ညကို ခံစားရတော့သည်။

ညတုန်းက မီးပုံက အခုဆို ပြာတွေဘဲ ရှိတော့ကာ သူတို့အကြာကြီး အိပ်စက်ရတာကို ဖော်ပြနေသည်။ဝမ်ရိပေါ်က ပတ်ဝန်ကျင်းအခြေအနေကို ကြည့်လိုက်တော့ ညတုန်းက အိမ်တွေတစ်ခုမှ ရှိမနေတော့ပေ။

သူတို့အနားမှာ တောအုပ်ကြီးသာ ရှိလေသည်။ရှောင်းကျန့် အလန့်တကြားနဲ့ ဝမ်ရိပေါ်ကို ဖက်လိုက်သည်။

"အိမ်တွေဘယ်ရောက်သွားတာလဲ"

"ညရောက်မှ ပြန်ပေါ်လာမယ်ထင်တယ်"

ရှောင်းကျန့် ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်လိုက်ပြီး အဝေးတစ်နေရာမှာ တဲစုတ်လေးတစ်ခုကို တွေ့လိုက်ရသည်။

"ဟိုမှာ တဲတစ်လုံး"

"သွားကြည့်ကြည့်ရအောင်"

ဝမ်ရိပေါ်နဲ့ အခြားနှစ်ယောက်က ခြေလှမ်းတွေ ရွေ့သွားကြပေမဲ့ ရှောင်းကျန့်ကတော့ တစ်လှမ်းမှ မရွေ့ပေ။ဝမ်ရိပေါ်လက်ကို ဆွဲထားပြီး သွားဖို့တွန့်ဆုတ်နေသည်။

"ဘာဖြစ်လို့လဲ"

"ငါမျက်နှာမသစ်ရသေးဘူး"

ရှောင်းကျန့်ရဲ့ ဆူပုပ်ပုပ်စကားကြောင့် ဖန်မုဟန် ရှောင်းကျန့်ကို ရိုက်သတ်ချင်သွားသော်လည်း ဝမ်ရိပေါ်ကတော့ ပြုံးလိုက်ပြီး ပြန်ဖြေလေသည်။

"မျက်နှာမသစ်လည်း လှပြီးသားပါ"

"ငါက ပိုလှချင်တာကို"

"အပိုတွေ...အရင်ကဆို မျက်မှန်တောင်တပ်သေးတာဘဲ...အခုမှ ဘာထဖြစ်နေတာလဲ"

ရှောင်းကျန့် ဖန်မုဟန်ကို စိုက်ကြည့်ကာ မာန်မဲလိုက်သည်။

"ငါ့ဘာသာငါ ဘာထဖြစ်ဖြစ် မင်းအပူပါလား"

ရှောင်းကျန့် ရန်တွေ့ပြီးတာနဲ့ ဝမ်ရိပေါ်ကို ကပ်ချွဲလိုက်သည်။

"ရိပေါ်...ငါက မိန်းကလေးတွေလို skin careတွေဘာတွေ မလုပ်ပါဘူး...ငါက မျက်နှာလေးကို ကြည်လင်ရှင်းသန့်ဝင်းလက်တောက်ပချင်တာပါ...အဲ့တာကြောင့် မျက်နှာသစ်ဖို့ ရေရှာပေးပါလား"

Ding-dong(Season 1)(Completed)Where stories live. Discover now