(25)Heaven

3.8K 605 15
                                    

ဒီကိစ္စလည်းဖြစ်ကော လူတိုင်း သတိနဲ့သာ လုပ်ကိုင်ကြတော့သည်။သရဲခေါင်းတွေအား ဖယ်ရှားနေစဥ် စိတ်နဲ့ကိုယ်ကပ်ထားကြပြီး သတိမလွတ်စေပေ။

ဒီလိုနဲ့ အရမ်းကိုခက်ခဲမယ်ထင်ခဲ့တဲ့ ဒီပန်းခင်းကြီးကို ကျော်ဖြတ်နိုင်သွားပြီး တစ်ဖက်လမ်းကို ရောက်သွားလေသည်။

ထိုအခါမှ အကုန်လုံး သက်ပြင်းချလိုက်ကြပြီး ပေါ်လာသည့်လှေကားကို ကြည့်လိုက်ကြသည်။ဒီစတုတ္ထအထပ်က ခက်ခဲပေမဲ့ အရှေ့သုံးထပ်ထက်စာရင်တော့ ပိုလွယ်တယ်လို့ ပြောလို့ရနိုင်သည်။

တစ်ခုရှိတာက အခုဆို သူတို့အားလုံးက သွေးတွေနဲ့ ညစ်ပတ်ပေရေနေလေပြီ။ဝမ်ရိပေါ်ကျောပေါ်က ရှောင်းကျန့်တောင် အနည်းငယ်တော့ ပေကျံနေသည်။

လူတိုင်း အချိန်မဆွဲကြဘဲ လှေကားပေါ်သို့ တက်ကြလေသည်။အနည်းဆုံးတော့နောက်တစ်ထပ်ရောက်ရင် သူတို့ပေကျံနေတာကို သန့်ရှင်းလို့ရချင်ရနေမှာ ဖြစ်သည်။

အပေါ်ဆုံးကို ရောက်တာနဲ့ အရင်တစ်ခါလိုပင် တံခါးနှစ်ချပ်ကို တွေ့လိုက်ရသည်။ဝမ်ရိပေါ်ကျောပေါ်က ရှောင်းကျန့်ကလည်း တံခါးရွေးချယ်ဖို့ ကျောပေါ်က ဆင်းလိုက်သည်။

ရှောင်းကျန့် သူရွေးတာမှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ လူတိုင်းက သူ့ကိုဘဲ ရွေးခိုင်းမှာကို ကြိုသိလေသည်။သူမှားရင်တောင် ဝမ်ရိပေါ်ရှိနေတာမို့ သူဘာရွေးရွေး ဘယ်သူကမှ မကျေမနပ်ပြောနေမှာမဟုတ်။

ဒီတစ်ခါတော့ တံခါးက အဖြူနဲ့အနက်ဖြစ်သည်။သူတို့တံခါးကို ကြည့်နေတုန်း ဟိုမိန်းမကြီးအသံ ထွက်ပေါ်လာသည်။

"Flower hellကို ကျော်ဖြတ်နိုင်လို့ ဂုဏ်ယူပါတယ်...ပြောပါတယ်...လွယ်လွယ်လေးပါလို့...ဒါပေမဲ့ တံခါးရွေးချယ်မှုကျန်ပါသေးတယ်...စိတ်ကြိုက်ရွေးချယ်ပါ...ဒီတံခါးနှစ်ခုမှာ အစွမ်းရှိတယ်...မင်းတို့က တစ်စုံတစ်ယောက်ကြောင့် အဲ့တံခါးထဲကို လိုက်ဝင်ရင်တောင် မင်းတို့ရဲ့မသိစိတ်က ဝင်ချင်နေတဲ့ တံခါးရှိရာဆီကိုဘဲ ရောက်မှာပါ...ဒါကြောင့် ကိုယ်ရွေးချယ်ချင်တာကိုဘဲ ရွေးပါလို့"

Ding-dong(Season 1)(Completed)Where stories live. Discover now