ရှောင်းကျန့်တို့ စကားပြောနေကြစဥ် ကြောက်စရာကောင်းတဲ့အသံသြသြကြီးကို ကြားလိုက်ရသည်။
"မင်းတို့က ငါ့ကိုအံ့သြစေတာဘဲ...ဘယ်သူမဆို မကြာခင်ကြီးကြီးမားမား အန္တရာယ်တစ်ခု ရင်ဆိုင်ရမယ်ဆိုရင် ထိတ်လန့်တုန်လှုပ်နေမှာဘဲ...ဒါပေမဲ့ မင်းတို့ကတော့ အတိတ်ဘဝကိုတောင် ပြောနေနိုင်သေးတယ်"
ဖန်မုဟန်ပြောတဲ့ မျက်နှာပေါင်းများစွာနဲ့ အနက်ရောင်အရိပ်ကြီးဟာ ရှောင်းကျန့်တို့ကို ကြည့်ကာ ပြုံးပြနေသည်။မျက်နှာတစ်ခုထဲမှာမျက်နှာပေါင်းများစွာ ရှိနေတာကြောင့် အပြုံးနဲ့မျက်နှာတွေအများကြီးဖြစ်နေကာ ကြက်သီးထစရာကောင်းလှသည်။
ရှောင်းကျန့်တစ်ယောက် ထိုမျက်နှာကြီးကြောင့် ဒူးတွေပါတုန်သွားကာ ခြေတောင်မခိုင်ချင်တော့ပေ။ဝမ်ရိပေါ်သာ ဘေးကမထိန်းထားပေးရင် ပစ်လဲသွားတာကြာပြီဖြစ်သည်။
"တော်တော့်တော်တော်ကို ကြောက်စရာကောင်းလွန်းတယ်"
ဒါကတော့ ကြောက်နေတဲ့ရှောင်းကျန့်ဆီက ပထမဆုံးထွက်လာတဲ့စကားဖြစ်သည်။သရဲကြီးက ရှောင်းကျန့်ကို ကြည့်လိုက်ကာ မေးလေသည်။
"မင်းက မကြာခင်သေတော့မှာကို...ငါ့ကို ကြောက်နေသေးတယ်ပေါ့...သေမှာကို ကြောက်နေရမှာလေ"
"ကျွန်တော်...ကျွန်တော်က သေမှာကို မကြောက်ဘူးဗျ...ကျွန်တော်က ခင်ဗျားကိုဘဲကြောက်တာ"
"ဘာလို့လဲ...မင်းကို သတ်မဲ့သူမလို့လား"
"မဟုတ်ဘူး"
"ဒါဆိုဘာလို့လဲ"
"ခင်ဗျားမျက်နှာကြီးက ကြောက်ဖို့အရမ်းကောင်းလို့...အရမ်းအရမ်းအရမ်းကို ရုပ်ဆိုးလွန်းတယ်"
မျက်နှာနဲ့ပက်သက်ပြီး Dဝင်သွားသောသရဲကြီး "...."
"ကျွန်တော် အကြံတစ်ခုလောက်ပေးလို့ရမလား"
"ဘာလဲ"
သရဲကြီးရဲ့အသံက အရင်ကထက် ပိုပြီးကြောက်ဖို့ကောင်းသွားတာကို ရှောင်းကျန့် သတိထားမိပေမဲ့ ဝမ်ရိပေါ်လက်ကို တင်းတင်းလေးဆုပ်ကိုင်ကာ ပြောလိုက်သည်။
CITEȘTI
Ding-dong(Season 1)(Completed)
Fanfictionရှောင်းကျန့် "အားး.....ရိပေါ်....ငါသရဲကြောက်တတ်တယ်...ငါ့ကို ဖက်ထားပေး" ဝမ်ရိပေါ် "ကိုယ်ကလည်း သရဲဘဲလေ" ရှောင်းကျန့် "......"