(4)သရဲအလှလေး

7.6K 1K 20
                                    

ညရောက်တော့ ရှောင်းကျန့် သူ့မှာရှိသမျှ အဆောင်မှန်သမျှကို သူ့ကုတင်ဘေးမှာ လိုက်ချထားသည်။ငယ်ငယ်ထဲက သရဲကြောက်တတ်သူမို့ ပါးနှစ်ယောက်စလုံးက သူ့အတွက် ဘုရားအဆောင်မှန်သမျှကို ရှာထားပေးသည်။

သူက သေသွားသည့်ပါးရဲ့  ရင်သွေးအစစ်အမှန် ဖြစ်တာမို့ ပါးသေသွားတုန်းက သူ့ဆီလာမလားဆိုပြီး တစ်လလောက် စိတ်ဆင်းရဲခဲ့ရသေးသည်။ကျန်ခဲ့သည့် ပါးပါးရှောင်း ထပ်ပြီးယူလာပေးသည့် အဆောင်ပစ္စည်းတွေကြောင့်သာ အဆင်ပြေသွားတာ ဖြစ်သည်။

သူ့ပါးပါးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာမို့ တစ်ယောက်ရဲ့သွေးက သူဖြစ်တည်လာပြီး မျိုးရိုးကတော့ အခြားတစ်ယောက်ရဲ့မျိုးရိုးဖြစ်သည်။

ထို့ကြောင့် သူက သွေးသားရင်းမဟုတ်သည့် ပါးပါးရှောင်းရဲ့ မျိုးရိုးနဲ့ ဖြစ်သည်။သူ့ရဲ့ ဆွေစဥ်မျိုးဆက်ကို ကြည့်ရင် ပိုတောင်ဆိုးသေးသည်။အဖိုးတွေကလည်း gayတွေပင်ဖြစ်ကာ သွေးသားတိုင်းက အငှားကိုယ်ဝန်တွေနဲ့ပင် ဖြစ်သည်။

ရှောင်းကျန့် သူ့မျိုးရိုးအရ သူကွေးလာခဲ့ပေမဲ့ အမှန်စင်စစ် သူက ကွေးမနေပေ။ကောက်ရုံလေးသာ ဖြစ်သည်။

ထို့​ကြောင့် အကောက်လေးဖြစ်သည့်သူက သရဲဆိုရင်တောင် ခပ်ဖြောင့်ဖြောင့် ခပ်ချောချောကိုမှ လက်ခံနိုင်မည်ဖြစ်ပါသည်။

သို့သော် သရဲဆိုမှတော့ ချောမည်မဟုတ်ပေ။အဆင်လေးဖြစ်ရင်တောင် အစွယ်လေးတစ်ခု ဒါမှမဟုတ် ဖြူဖပ်ဖပ် မျက်နှာကြီးနဲ့ ဖြစ်နိုင်သည်။

သူက အောက်ထပ်ကမို့ အစွယ်ပါပါက သူ့ရဲ့ဟာမှန်သမျှ ပြတ်ထွက်နိုင်ပြီး ဖြူဖပ်ဖပ်ဆိုပါက သူက အပေါ်ကတောင် နေရနိုင်ချေ ရှိသဖြင့် လုံးဝလက်မခံနိုင်ပါ။

လူသားအနေနဲ့ တစ်ခါမှ မမြင်ဖူးဘဲ ငြင်းရမှာက အားနာစရာဖြစ်ပေမဲ့ သူ့ကို ကြိုက်နေတာက သရဲဖြစ်နေတာကြောင့် အားမနာနေတော့ပေ။

ရှောင်းကျန့် အဆောင်တွေကြောင့် စိတ်ချမ်းသာသွားကာ အေးအေးချမ်းချမ်း အိပ်လိုက်ပါတော့သည်။သူ့ကုတင်က တစ်ယောက်အိပ်ကုတင်အသေးလေးဖြစ်ပြီး ရီချုံးမိုနဲ့ ဖန်မုဟန်တို့က နှစ်ယောက်အိပ်ကုတင်အကျယ် မှာ ဖြစ်သည်။သူတို့က ကျောင်းကအဆောင်မှာမဟုတ်ဘဲ အပြင်အဆောင်မှာမို့ နေရာကျယ်ဝန်းပါသည်။

Ding-dong(Season 1)(Completed)Where stories live. Discover now