(49)ပိုင်ယန်စန်းအတု

2.9K 454 4
                                    

ရှောင်းကျန့် ပိုင်ယန်စန်းအတုရဲ့ တီကောင်များစွာကိုကြည့်ပြီး ကြက်သီးတွေတဖြန်းဖြန်းထလာသည်။သူ့အသားကိုသာ အဲ့ဒီတီကောင်တွေလာထိပါက သူတစ်နှစ်လောက် မနားတမ်းရေချိုးပစ်လိမ့်မည်ဖြစ်သည်။

ပိုင်ယန်စန်းအတုဟာ ထိုမျှနဲ့ မပြီးသေးဘဲ သူ့ရဲ့နောက်လက်တစ်ဖက်ကိုပါ ထိုပုံစံအတိုင်း လုပ်ပစ်လိုက်သည်။သူ့ရဲ့မျက်နှာကလည်း ချက်ချင်းဘဲ ရှုံ့တွလာကာ ပါးနှစ်ဖက်မှာ တီကောင်အခွေတွေ ပေါ်လာသည်။

ထိုမျှနဲ့မရပ်သေး။ခြေထောက်နှစ်ဖက်ကိုပါ လက်နှစ်ဖက်လို လုပ်ပစ်လိုက်သည်။ရှောင်းကျန့်မှာ တီကောင်တွေကိုမြင်လေ ခြေထောက်ခွေချင်လေဖြစ်လာသည်။အခုတော့ အဓိကmainအကောင်ကြီးကိုတောင် မသတ်ရသေးတာ နောက်တစ်ကောင်က ပိုလာတော့ သူတို့သေဖို့က ရာခိုင်နှုန်းများလာပြီဖြစ်သည်။

ရှင်းရှင်းက သူတို့အကြံကို ရိပ်မိသဖြင့် သူ့ကိုယ်သူ အားအကုန်မခံဘဲ သူမရဲ့ဝှက်ဖဲကို ထုတ်သုံးခြင်းဖြစ်သည်။သူမက တုပတစ္ဆေတွေကို ကြောက်ရွံတာဟာ သူမကို သတ်နိုင်လို့ဖြစ်သည်။ဒါပေမဲ့ သူမက သူတို့တစ်ချက်ထဲ သတ်ပစ်ရလောက်သည်အထိ အင်အားနည်းမနေပေ။
ထို့ကြောင့် နာရီဝက်ထဲနဲ့ သူမသေမှာမဟုတ်ပေ။

ဝမ်ရိပေါ်ကလည်း ဒါကို ရိပ်မိပါသည်။ထို့ကြောင့် သူတို့အတွက် အသက်ရှင်ဖို့က ပိုတောင်ခက်ခဲလာသည်။သူက ဖန်မုဟန်ကိုကြည့်လိုက်ပြီး အလောတကြီး မေးလေသည်။

"ဖန်မုဟန်...မင်းမှာ အထိန်းချုပ်ခံရတုန်းက ရထားတဲ့ ခွန်အားတွေ ရှိသေးလား"

"ငါမသိဘူး"

"စမ်းကြည့်မယ်"

ပြောပြီးတာနဲ့ ဝမ်ရိပေါ်ဟာ ဖန်မုဟန်ကို လက်သီးနဲ့ထိုးလိုက်သည်။ရုတ်တရက်မို့ ဖန်မုဟန်လည်း ခုခံလိုက်ကာ ဘာမှမဖြစ်လိုက်ပေ။သူက ဝမ်ရိပေါ်ရဲ့လက်သီးကို ဘာမှသိပ်မခံစားလိုက်ပေ။ထို့ကြောင့် သူ့မှာ ရထားတဲ့အစွမ်းနည်းနည်းလောက် ကျန်နေသေးသည်။

"ငါ့မှာ အစွမ်းရှိသေးတယ်"

"ဒါဆို မင်းက ပိုင်ယန်စန်းအတုကို တိုက်ခိုက်ပါ...ငါက ရှင်းရှင်းကို တိုက်ခိုက်မယ်...မကြာခင်သန်းခေါင်ရောက်တော့မှာ...ငါတို့အဆုံးထိ တောင့်ခံထားရမယ်"

Ding-dong(Season 1)(Completed)Where stories live. Discover now