(14)လေဟာနယ်များ

4.7K 732 15
                                    

လူတိုင်း ဧည့်ခန်းကို စူးစမ်းလေ့လာပြီး လှေကားပေါ်လာအောင် ပစ္စည်းတွေကို ဖျက်ဆီးဖို့ လုပ်လိုက်ကြသည်။

အင်တိုက်အားတိုက်ဖြင့် အကုန်ဖျက်ဆီးပြီးသွားတောင် လှေကားက ပေါ်မလာသေးပေ။ရှောင်းကျန့် နဝေတိမ်တောင်နဲ့ ဝမ်ရိပေါ်ကို ကြည့်လိုက်သည်။

"မဖျက်ဆီးရသေးတာ ရှိသေးတယ်"

ရှောင်းကျန့်အကြည့်ကို နားလည်တဲ့ဝမ်ရိပေါ်ဟာ အဖြေကို ပြောလိုက်လေသည်။သို့သော် ဘက်စုံတော်သူကြီး ရှောင်းကျန့်ကတော့ ဘာမှန်းမသိပါ။

ဝမ်ရိပေါ် သူ့အား ပြူးကြောင်ကြောင့်ဖြင့် ကြည့်နေသော ရှောင်းကျန့်ရဲ့ ချစ်စရာကောင်းမှုကြောင့် ရီလိုက်ပြီး ကြမ်းပြင်ကို မေးဆတ်ပြလိုက်သည်။

ထိုအခါမှ ရှောင်းကျန့် နားလည်သွားသည်။ထို့နောက် ကြမ်းပြင်ကို ဖြိုချရန် တိုက်တွန်းလိုက်သည်။အချိန်က ၃နာရီကြာသွားပြီမို့ သိပ်အလျင်မလိုသော်လည်း လှေကားအမြန်ရှာတွေ့လျှင် ပိုစိတ်အေးရမည်မို့ မြန်မြန်ဆန်ဆန် ကြမ်းပြင်အား ဖျက်ဆီးလိုက်သည်။

ကြမ်းပြင်ကကြွေပြားတွေမို့ ဖျက်ဆီးလို့ပစ္စည်းတွေရှာတော့ သံထည်ပစ္စည်းတွေသာ တွေ့လေသည်။လူတိုင်း အားစိုက်ထုတ်ကာ ကြမ်းပြင်ကို ထုခွဲဖျက်ဆီးကြသည်။

ကြမ်းပြင်အား ဖျက်ဆီးပြီးနောက် သူတို့မတ်တပ်ရပ်နတာက ထိုအပျက်အစီးပုံပေါ်မှာဘဲဖြစ်ကာ ထူးထူးခြားခြားမဖြစ်သေးပေ။

ရှောင်းကျန့် ဝမ်ရိပေါ်အား မေးရန်ပြင်လိုက်စဥ် ဝမ်ရိပေါ်က ကြမ်းပြင်က အပျက်အစီးတွေကို ဖယ်ပြီး သူ့လက်ကို ဆုပ်ကိုင်ကာ အပျက်အစီးအောက်က ကွန်ကရစ်ခင်းထားသည့်အပေါ် ရပ်လိုက်သည်။

ချက်ချင်းဘဲ ရှောင်းကျန့် မြင်ကွင်းထဲမှာ လှေကားပေါ်လာခဲ့သည်။လှေကားက ပိုင်မုံ့မုံ့အနားတွင်ဖြစ်ပြီး သူတို့နှစ်ယောက်လွဲပြီး ဘယ်သူမှ မမြင်ပါ။

"မြင်တဲ့သူဘဲ လှေကားကို ထိကိုင်လို့ရတယ်...ကျန်တဲ့သူတွေကတော့ မမြင်ရင် လှေကားကို ဖြတ်လျှောက်ရင်တောင် ဘာမှမဖြစ်ဘူး"

Ding-dong(Season 1)(Completed)Where stories live. Discover now