(51)ရှောင်းကျန့်

3.3K 471 13
                                    

တုပတစ္ဆေတွေဟာ ရှောင်းကျန့်တို့က သူတို့နဲ့တစ်ဖက်တည်းဆိုတာကို သိတာကြောင့် ပိုင်ယန်စန်းအတုကို သူတို့ရဲ့ မီးစွမ်းအားနဲ့ တိုက်ခိုက်ပေးသည်။

ထို့ကြောင့် ရှင်းရှင်းလောက် အင်အားမကြီးသည့် ​ပိုင်ယန်စန်းအတုဟာ အမြန်ပင် သုတ်သင်ခံလိုက်ရသည်။ပိုင်ယန်စန်းအတု ပျောက်ကွယ်သွားသော်လည်း ရှောင်းကျန့်ရင်ထဲက ဝမ်းနည်းမှုက မပျောက်သွားပေ။

ပထမအထပ်ကစလို့ အခုအထိ သူမသိသည့်သူငယ်ချင်းတွေ သေကြရင်တောင် သူ့ရင်ထဲ စိတ်မကောင်းတော့ဖြစ်မိသည်။ရီချုံးမိုတို့ သေဆုံးသွားတော့ သူ့အဖေသေတုန်းကလို နင့်နင့်သီးသီး ခံစားခဲ့ရသည်။

သို့သော် သူ့မှာ ဝမ်ရိပေါ်ရှိသေးသည်။အတတ်နိုင်ဆုံး ဝမ်ရိပေါ် သူ့ကို စိတ်မပူအောင် သူပုံမှန်အတိုင်းဘဲ ဆက်နေခဲ့သည်။အခုတော့ ပုံမှန်အတိုင်း နေဖို့တောင် မဖြစ်နိုင်တော့ပေ။

သူ့ရဲ့သူငယ်ချင်းတွေအားလုံး သေဆုံးသွားခဲ့ပြီ။သူတစ်ယောက်တည်းသာ ဒီကမ္ဘာကြီးထဲမှာ ကျန်ခဲ့သည်။သူအခု ဘယ်လိုလုပ်ရတော့မှာလဲ။

ဝမ်ရိပေါ်က ရှောင်းကျန့်ကို ပွေ့ဖက်ထားသည်။ရှောင်းကျန့်သာ အသက်ဆက်ရှင်ချင်တယ်ဆိုရင် သူအစွမ်းကုန်ကြိုးစားပေးမည်။အကယ်၍ ရှောင်းကျန့်က လက်လျှော့မည်ဆိုရင်တော့ သူပါ ရှောင်းကျန့်အတူ အဆုံးသတ်မည်ဖြစ်သည်။

သူငယ်ချင်းတွေအကုန် သေဆုံးကုန်ပြီး တစ်ယောက်တည်းကျန်ခဲ့တဲ့ ရှောင်းကျန့်အနေနဲ့ စိတ်ဒဏ်ရာမရဘူးဆိုတာမှ ထူးဆန်းပေလိမ့်မည်။ရှောင်းကျန့်အနားမှာ သူသာရှိမနေရင် ခုနထဲက ရှောင်းကျန့် ကိုယ့်ကိုယ်ကို အဆုံးစီရင်လိမ့်မည်ဖြစ်သည်။

"ကျန့်...ဘာဆက်လုပ်မှာလဲ"

မျက်ရည်အပြည့်နဲ့မျက်ဝန်းတွေနဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်မော့ကြည့်လိုက်သည်။သူက ဝမ်ရိပေါ်မရှိရင် ပထမအထပ်ထဲက သေခဲ့မှာဖြစ်သည်။သူသာ လက်လျှော့လိုက်ရင် တစ်လျှောက်လုံး ကာကွယ်ပေးခဲ့သည့် ဝမ်ရိပေါ်ကို မတရားကျမည်။

သူ့အနေနဲ့ သူငယ်ချင်းတွေအတွက် ဝမ်ရိပေါ်အတွက် သူကိုယ်တိုင်အတွက် ကျိန်းသေပေါက် အသက်ရှင်ရမည်ဖြစ်သည်။

Ding-dong(Season 1)(Completed)Where stories live. Discover now