(2)First kiss

8.1K 1.1K 57
                                    

တစ်ပတ်အကြာမှာ ရှင်းဟွားကျောင်းထဲသို့ ရုပ်ထုတစ်ခု တင်ထားတဲ့ ကားတစ်စီး ဝင်ရောက်လာပါသည်။ကျောင်းသားတွေကလည်း ဘာလဲဆိုပြီး စပ်စုကြသည်။

ကျောင်းအုပ်ကြီးက ထိုရုပ်ထုကို ကျောင်းမှာ အလှဆုံးနဲ့ရှေးအဆန်ဆုံး စာကြည့်တိုက်ရှေ့မှာ နေရာချခိုင်းနေသည်။ ထမင်းစားခန်းမ၊ အားကစားခန်းမတွေက စာသင်ခန်းတွေနဲ့ တစ်ဆောင်ထဲ ဖြစ်သော်လည်း စာကြည့်တိုက်ကမူ သီးခြားနေရာတစ်ခုမှာ ဖြစ်သည်။

ကျောင်းဆောင်ကြီးကနေ စာကြည့်တိုက်ကို ငါးမိနစ်လောက် လမ်းလျှောက်ရပါသည်။ထို့ပြင် စာကြည့်တိုက်က အိမ်ပုံစံမျိုးလေးဖြစ်ကာ အရှေ့မှာ ချောင်းအသေးစားလေးနဲ့ တံတားအသေးလေးတောင် ရှိပါသည်။

စာကြည့်တိုက်က အပြင်ကကြည့်ရင် တစ်ထပ်တည်းလို့ ထင်ရပေမဲ့ အထဲမှာတော့ နှစ်ထပ်ပုံစံဖြစ်သည်။လှေကားကလည်း Y ပုံစံလှေကားဖြစ်ပြီး မိန်းကလေးတွေ ဓာတ်ပုံအရိုက်ဆုံး နေရာလည်းဖြစ်သည်။

ရှင်းဟွားကျောင်းရောက်ပြီဆိုရင် စာကြည့်တိုက်ကတော့ မသွားမဖြစ် နေရာတစ်ခုဖြစ်သည်။အခု ထိုလှပတဲ့ စာကြည့်တိုက်ရှေ့မှာ ဗိုလ်ချုပ်ရုပ်ထုကြီးတစ်ခု ရောက်လာပါတော့သည်။

"ရှောင်းကျန့်......ရုပ်ထုကြီး နေရာချလို့ပြီးရင် ဓာတ်ပုံသွားရိုက်ရအောင်"

ရှောင်းကျန့် သူ့မျက်မှန်သူ ပင့်တင့်ပြီး ဖန်မုဟန်ကို ကြည့်လိုက်သည်။အခု သူတို့က စာကြည့်တိုက်မှာ ဖြစ်သဖြင့် ရုပ်ထုနေရာချနေတာကို မြင်နေရသည်။

"မင်းတို့တွေဟာလေ...စာကျတော့မလုပ်ဘူး....အဲ့လိုကိစ္စတွေဆိုရင် ထိပ်ဆုံးကဘဲ...အဲ့ရုပ်ထုနဲ့ ဓာတ်ပုံရိုက်လို့ ငါတို့က စာမေးပွဲမအောင်နိုင်ဘူးလေ...စာလုပ်မှ အောင်မှာပေါ့"

"ငကျန့်....မင်းကလေ ပြောလိုက်ရင် စကားတွေက မိုးပေါ်ကချည်းဘဲ"

"စာသာလုပ်စမ်းပါ....ချုံးမို ဒီတစ်လမှာ မင်းနေရာကို မင်းဆက်ထိန်းထား"

"ငါက ဘိတ်ဆုံးဘဲဟာကို ငါ့နေရာကို ဘယ်သူက လုမှာမို့လို့လေ"

Ding-dong(Season 1)(Completed)Where stories live. Discover now