(39)အကောင်လိုက်ကင်ပစ်မယ်

3.4K 590 17
                                    

ဝမ်ရိပေါ်က ရှောင်အိုက်ဆီကနေ သတင်းအချက်အလက်တစ်ချို့ ရနိုင်တာကြောင့် ဒီနေရာနဲ့ပက်သက်ပြီး မေးမြန်းလိုက်သည်။

"ရှောင်အိုက်...ဒီနေရာနဲ့ပက်သက်ပြီး ငါတို့ကို ပြောပြပေးလို့ရမလား"

ရှောင်အိုက်က ပြုံးလိုက်ပြီး ခေါင်းငြိမ့်လာသည်။သူကပြုံးလိုက်သော်လည်း ရုပ်ဆိုးတာကြောင့် ပြုံးလိုက်မှန်း မသိလိုက်ကြပေ။

"ပြောပြလို့တော့ရတယ်...ဒါပေမဲ့ မင်းတို့က ငါ့ကိုကူညီရမယ်...မကူညီရင် မပြောဘူး"

"ဘာကို ကူညီရမှာလဲ"

"ငါ့ကို မင်းတို့အသားကျွေး"

ထိုစကား​ကြောင့် ရှောင်အိုက်က ကြောက်ဖို့သိပ်မကောင်းဘူးလို့ ထင်နေသည့် ရှောင်းကျန့်ဟာ ထိတ်လန့်သွားကာ ဝမ်ရိပေါ်လက်မောင်းကို တင်းတင်းလေး ဖက်ထားလိုက်သည်။

ရှောင်းကျန့်အခြေအနေကို ရှောင်အိုက်ကမြင်တော့ ရယ်ကာ ရှင်းပြလေသည်။

"ငါခုနက ဟိန်းနေတာက ငါဗိုက်အရမ်းဆာလို့ဘဲ...ငါမင်းတို့ကို မသတ်ပါဘူး...ငါ့ကိုအသားလေးကျွေးစေချင်ရုံဘဲ"

ရှောင်းကျန့်က မသတ်ဘူးဆိုတာကိုကြားတော့ စိတ်သက်သာသွားပေမဲ့ သူသိသလောက် အသားတွေက ရှိမနေပေ။ရီချုံးမိုတို့အပြင် ရှိနေသည့်အသားပုံကြီးဟာ ရွံစရာကောင်းသလို တုပတစ္ဆေတွေရဲ့အစာမို့လို့ ပြဿနာက တက်နိုင်သေးသည်။

"ရိပေါ်...ဟိုတဲထဲက အသားတွေကို သွားယူကြမလား"

"ဟေ့ဟေ့...ငါက လတ်ဆတ်တဲ့အသားဘဲ စားတာ"

ရှောင်အိုက်က သူတို့သွားယူမည့်နေရာကို သိနေသည့်နှယ် ဖြတ်ပြောလာသည်။ရှောင်းကျန့်က ရှောင်အိုက်ကို အကြည့်စူးစူးနဲ့ကြည့်လိုက်ပြီး

"ဂျီးများလိုက်တာ...အသားဆိုရင် ပြီးရောပေါ့...ခင်ဗျားကိုယ်ခင်ဗျား သူဌေးများ ထင်နေတာလား...အသားကလည်း ပိုက်ဆံပေးပြီး သွားဝယ်လို့ ရတာလည်း မဟုတ်ဘူး...မလတ်ဆတ်ရင် မစားတော့ဘူးလား...အသေလံတော့မှာလား...ဟင်းမရှိရင် ထမင်းချည်းဘဲ စားရမယ်...ထမင်းကောဟင်းကော မရှိရင် ရေဘဲသောက်ရမယ်...အဆိုးဆုံး ရေမရှိရင် ကိုယ့်သွေးကို ဖောက်သောက်ရင် ဖောက်သောက်ရမှာဘဲ...ဂျီးမများစမ်းပါနဲ့"

Ding-dong(Season 1)(Completed)Where stories live. Discover now