(13)ဒုတိယနေရာ

4.9K 738 20
                                    

လူတိုင်း အခန်းအားလုံး ရှာပြီးကြပေမဲ့ လှေကားကိုတော့ မတွေ့ကြပေ။ရှောင်းကျန့်တောင် ရှာရတာမောလို့ဆိုပြီး ဝမ်ရိပေါ်က ကုန်းပိုးထားရသည်။

အားလုံးက လှေကားရှာရတာကော ရှာမတွေ့တာကော ကြောင့် စိတ်မောလူမော ဖြစ်နေစဥ် ထိုမြင်ကွင်းက သူတို့ကို တစ်ခါထဲသေအောင် သတ်လိုက်သလိုပင်။သူတို့မှာကော ဘာကြောင့် ဝမ်ရိပေါ်လိုကောင်လေး မရှိရတာလဲဆိုပြီး ညီးညူးနေကြသည်။

အချိန်က နှစ်နာရီကျော်သွားပြီဖြစ်ကာ လူတိုင်းမနားနိုင်ဘဲ ဆက်ရှာနေရဆဲပင်။အခန်းတွေက တစ်ခန်းနဲ့တစ်ခန်း မတူကွဲပြားတာတောင် သူတို့မှာ သဲလွန်စမရကြပေ။

Ding-dong

ထိုအသံထွက်ပေါ်လာတာနဲ့ လူတိုင်းငြိမ်သွားကြသည်။ဒီတစ်ခါ သေတာကတော့ ကျောင်းသူလေးနှစ်ယောက် ဖြစ်သည်။သူတို့နှစ်ယောက်က ဝမ်ရိပေါ်ကို ခဏခဏခိုးကြည့်တဲ့ကောင်မလေးတွေ ဖြစ်တာကြောင့် သူတို့က ရှောင်းကျန့်တို့အနားမှာ ဖြစ်သည်။

ကျောင်းသူလေးနှစ်ယောက်ဟာ အသံထွက်လာတာနဲ့ ပါးစပ်အပြည့်သွေးတွေအန်လေသည်။ထိုထဲတွင် အသည်းတွေကျောက်ကပ်တွေ အူတွေပါ ပါလေသည်။သူမတို့က ကလီစာတွေအကုန်အန်ထုတ်ပြီးတာနဲ့ သေဆုံးသွားကြသည်။

ရှောင်းကျန့်ကတော့ ဝမ်ရိပေည်ကျောပေါ်မှာတင် ဆွံ့အနေလေသည်။ထိုမြင်ကွင်းက သူ့ရဲ့အစားစားချင်စိတ်ကို လုံးဝကို ဖျက်ဆီးသွားပြီဖြစ်သည်။

ထို့ပြင် ကျောင်းသူလေး သေဆုံးတဲ့ပုံဟာ သူတို့အနားက ပန်းချီကားနဲ့ဆင်နေလေသည်။ပန်းချီကားထဲမှာ ရေတံခွန်တစ်ခုရှိနေပြီး ထိုရေတံခွန်ရဲ့ ရေကျဆင်းနေချိန်မှာ အမည်မသိအရာတွေ ပါဝင်နေကြောင်း ရှင်းရှင်းလင်းလင်း မြင်နေရသည်။

"ရိပေါ်.....ပန်းချီကားထဲက ရေကိုတောင် ရှောင်ရမှာလားဟင်"

"မဟုတ်ပါဘူး"

"ဒါဆို သူတို့ဘာလို့သေတာလဲ"

"ပန်းချီဘောင်ကြောင့်"

"ဟမ်...."

"အဲ့ပန်းချီကားကို သစ်သားနဲ့ဘောင်ခတ်ထားတာ....ဒီအိမ်ထဲမှာ တစ်ခုတည်းဖြစ်တည်နေတဲ့အရာမှန်သမျှက အန္တရာယ်တွေချည်းဘဲ....အဲယားကွန်းရှိနေတဲ့အခန်းလိုဘဲ..."

Ding-dong(Season 1)(Completed)Where stories live. Discover now