(48)အန္တရာယ်

2.7K 456 2
                                    

ဝမ်ရိပေါ် အချိန်ကို ခန့်မှန်းကြည့်လိုက်တော့ မကြာခင်သန်းခေါင်ရောက်လိမ့်မည်ဖြစ်သည်။ဒီနေရာရဲ့ အချိန်စီးဆင်းမှုက သာမန်ထက်အနည်းငယ်သာမြန်သော်လည်း ဒီနေ့ကတော့ ချွင်းချက်ဖြစ်ကာ အချိန်က အကုန်အရမ်းမြန်လေသည်။ထို့ကြောင့် သူတို့အနည်းငယ်သာ တောင့်ခံထားရန် လိုအပ်ပါသည်။

ရှင်းရှင်းက ရီချုံမိုတို့ကို ဖောက်ခွဲပြီးပြီဖြစ်ပေမဲ့ ခဏတာထိန်းချုပ်မှုလွတ်သွားတာက သူမကို အားနည်းစေပြီး ပြန်ပြီးထိန်းချုပ်လိုက်ရတာက အားအရမ်းကုန်စေသဖြင့် ခဏလောက် အားပြန်ဖြည့်နေသည်။

ရှောင်းကျန့် ရှင်းရှင်းကိုကြည့်ပြီး စိုးရိမ်စွာဖြင့် ဝမ်ရိပေါ်ဘက်ကို ကြည့်လိုက်သည်။အခု သူတို့ဘာဆက်လုပ်ရမလဲ မသိတော့ပေ။ဝမ်ရိပေါ်သာ သူ့လိုသာမန်လူတစ်ယောက်ဖြစ်လျှင် ဒီအထပ်ကို စရောက်ထဲက သူသေလောက်ပြီဖြစ်သည်။

အခုတော့ သူတို့က သိုင်းဝတ္ထုထဲက ဇာတ်လိုက်လို ကံကောင်း​ခြင်းကြောင့် အခုအချိန်ထိ အသက်ရှင်နေဆဲဖြစ်သည်။ဒီအခြေအနေထိတောင် ရောက်ပြီးမှတော့ သူလုံးဝလက်မလျှော့ချင်ပေ။

"ရိပေါ်...ငါတို့ဘာဆက်လုပ်ရမလဲ"

"ကိုယ်တို့မှာ အခုသူ့ကိုနိုင်ဖို့ ဘာမှမရှိတော့ဘူး...အဲ့တာကြောင့် ကိုယ်တို့လုပ်ရမှာက တစ်ခုဘဲ ရှိတော့တယ်"

"ဘာလဲ"

"ရင်ဆိုင်တိုက်ခိုက်ရမှာ"

"အဲ့...အဲ့တာက မဖြစ်နိုင်ဘူးလေ...ရိပေါ်...မင်းတစ်ယောက်ထဲနဲ့ သူ့ကိုမနိုင်ဘူး"

"ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး"

ဝမ်ရိပေါ်ကပြောရင်း တစ်နေရာကို ကြည့်လိုက်သည်။ရှောင်းကျန့်လည်း သူရှိသည့်နေရာကိုကြည့်လိုက်တော့ အခုမှသတိရလာသည့် ဖန်မုဟန်ဖြစ်နေသည်။

"သူက ထိန်းချုပ်ခံထားရတာလေ"

"အခုလောက်ဆို သူအဆင်ပြေပါပြီ...ခုနက သရဲကအားနည်းနေတော့ ဖန်မုဟန်က အသိပြန်ဝင်လာလောက်ပြီ...ပိုင်ယန်စန်းလည်း အဲ့လိုဘဲဖြစ်မယ်"

ဝမ်ရိပေါ်ပြောတာ မှန်လေသည်။ဖန်မုဟန်နဲ့ ပိုင်ယန်စန်းဟာ သူတို့ဘယ်လိုဖြစ်ပြီး ဒီနေရာကို ပြန်ရောက်လာသလဲဆိုတာ သိပုံမရပေ။

Ding-dong(Season 1)(Completed)Unde poveștirile trăiesc. Descoperă acum