(50)အားနည်းချက်

3.1K 474 11
                                    

ရှင်းရှင်းရဲ့လက်ဝါးက ရှောင်းကျန့်ခေါင်းပေါ်ကို ရောက်ချိန်မှာ ပတ်ဝန်းကျင်ကနေ မီးတွေလင်းလာလေသည်။ထိုမီးတွေကြောင့် ရှင်းရှင်းရဲ့လက်က ရပ်တန့်သွားသည်။

ဝမ်ရိပေါ်က ရှင်းရှင်းရဲ့လက်ရပ်သွားတာနဲ့ ရှောင်းကျန့်ကို ပွေ့ချီကာ ထိုလက်နဲ့ဝေးဝေးကို ရွေ့လိုက်သည်။ခုနက သူ့စိတ်ထဲအရမ်းကိုမှ ပူထူမိသွားသည်။သူ့ရဲ့ခြေလက်တွေကို အမြန်လှုပ်ရှားပြီး ရှောင်းကျန့်ကို သူ့အနောက်ပို့ချင်ပါသော်လည်း ထိတ်လန့်မှုကြောင့် လက်တွေက လှုပ်မရပေ။ရှောင်းကျန့်က သူ့ဆီကို ပြေးလာလိမ့်မယ်လို့ မထင်မိတာကြောင့်လည်း ပါသည်။

ဒါပေမဲ့ သူအကူအညီမဲ့နေပြီး အန္တရာယ်ထဲကျရောက်နေတဲ့အချိန်မှာ ရှောင်းကျန့်က သူ့ဆီကို ပြေးလာခြင်းဟာ သူ့ရင်ထဲမှာ အတိုင်းမသိအောင် နွေးထွေးလွန်းလှသည်။

ထို့နောက် သူတို့ကို အသက်သေတော့မလို ဖြစ်စေသည့်ရှင်းရှင်းကို မုန်းတီးစွာ ကြည့်လိုက်သည်။အခု တုပတစ္ဆေတွေပေါ်လာပြီမို့ သူတို့အတွက် မျှော်လင့်ချက်ရှိလာပြီဖြစ်သည်။

မီးလင်းလာတာနဲ့ ရှောင်းကျန့်တို့ ရောက်တုန်းကထက် များပြားလှတဲ့အုပ်စုကြီးကို တွေ့လိုက်ရသည်။ထိုအုပ်စုကြီးဟာ ရှင်းရှင်းမျက်နှာထက်က မျက်နှာပေါင်းများစွာနီးပါး ရှိလေသည်။

ဖန်မုဟန်က တိုက်ခိုက်တာကိုရပ်ပြီး ရှောင်းကျန့်တို့အနားကို ရောက်လာသည်။ပိုင်ယန်စန်းအတုကလည်း ရှင်းရှင်းဘေးသို့ လျင်မြန်စွာရောက်သွားသည်။အခုက တကယ့်တိုက်ပွဲကြီး တိုက်ရတော့မည်ဖြစ်သည်။

တုပတစ္ဆေတွေဟာ ရှင်းရှင်းကိုမြင်တာနဲ့ ဒေါသတကြီး ဖြစ်သွားကြသည်။ဘာကြောင့်မှန်းဆိုတာ သူတို့မသိပေမဲ့ ရှင်းရှင်းနဲ့တုပတစ္ဆေတွေကြား အငြှိုးတွေ ရှိနေတာကတော့ သေချာလှသည်။

ရှင်းရှင်းက တုပတစ္ဆေတွေကို မြင်တာနဲ့ လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

"အခုအချိန်ထိ နင်တို့က ငါ့ကို မသတ်နိုင်သေးဘူး...နင်တို့က သောက်ရမ်းအားနည်းလွန်းတယ်"

Ding-dong(Season 1)(Completed)Kde žijí příběhy. Začni objevovat