(28)နှင်းဆီပန်းရနံ့

3.8K 627 20
                                    

ဒီတစ်ခေါက်က သူတို့အတွက် အရမ်းစိတ်ရှုပ်ဖို့ကောင်းလေသည်။မိန်းမလှလေးတွေဆီက ချိုအီမွှေးပျံ့နေတဲ့အနံ့တွေကလည်း ခေါင်းကိုက်စေသည်။

ထို့ပြင် သတ်မသတ် ချင့်ချိန်နေရတာက ပိုဆိုးလေသည်။သူတို့ခုနက သတ်ခဲ့တာကြောင့် အခြားမိန်းမလှလေးတွေက သူတို့အနား သိပ်မကပ်တော့ပေ။

ထိုသို့ လာမကပ်တော့လည်း တမင်တကာကြီး လိုက်သတ်လို့ကောင်းမနေပေ။ထို့ကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းတောင် မသိတော့သည်အထိ ဖြစ်သည်။

နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုသာ ချလိုက်ရသည်။အဲ့တာက လာကပ်မှသတ်ပြီး မကပ်ရင် မသတ်နဲ့ဆိုပြီး ဖြစ်သည်။

တကယ့်အစစ်ကိုတော့ အခြားနည်းလမ်းတွေနဲ့ဘဲ ရှာတော့မည်ဖြစ်သည်။သူတို့အုပ်စုက ဆယ်ယောက်လောက်ဘဲရှိတာမို့ နှစ်ယောက်တစ်ဖွဲ့စီခွဲပြီး သဲလွန်စတွေ လိုက်ရှာတော့သည်။

ရှောင်းကျန့်နဲ့ဝမ်ရိပေါ်ဟာ အိမ်ကြီးရဲ့အပေါ်ထပ်ကိုတက်ကာ ရှာဖွေလေသည်။အိမ်အပေါ်ထက်က အလှလေးတွေဟာ အောက်ထပ်ကလူတွေထက် အဆပေါင်းများစွာ ပိုလှသည်။မသိရင် သူတို့က နတ်ပြည်ရောက်နေသလိုပင်။

ရှောင်းကျန့်တောင် သူအမြဲသဘောကျခဲ့ရသည့် သူ့မျက်နှာလေးအတွက် depression ဝင်သွားရသည်။ထို့အပြင် ထိုအလှလေးတွေဟာ ခန္ဓာကိုယ်ကအစ ဆွဲဆောင်မှုရှိလွန်းလှသည်။

"ရိပေါ်...ငါနဲ့ သူတို့နဲ့ ဘယ်သူပိုလှလဲ"

"မင်းပေါ့"

"လူလိမ်...အမှန်အတိုင်းဖြေ"

"အဲ့တာဆို... သူတို့က ပိုလှတယ်"

"မင်းက ငါ့ကိုမချစ်ဘူးဘဲ"

"မဟုတ်ပါဘူး"

"အဲ့တာဆို ဘာလို့သူတို့က ပိုလှတယ်လို့ ဖြေတာလဲ"

"မင်းဘဲ လိမ်တယ်ပြောလို့ ကိုယ်ကအဲ့လိုပြောရတာလေ"

"ငါက လူလိမ်လို့ ပြောရင်တောင် မင်းက 'ကိုယ်မလိမ်ပါဘူး'လို့ ပြောရမှာလေ"

"အော်...အွန်းပါ...ကိုယ်မလိမ်ပါဘူး...မင်းက အလှဆုံးဘဲ"

"ဟွန့်...နေရာတကာ လိုက်သင်ပေးနေရတယ်"

Ding-dong(Season 1)(Completed)Where stories live. Discover now