(45)ရိုလာကိုစတာလိုအချစ်

3.2K 515 13
                                    

ဖန်မုဟန်ဟာ နိုးလာတာနဲ့ အားနည်းတဲ့ရှောင်းကျန့်ကိုဘဲ ဦးဆုံးတိုက်ခိုက်လိုက်သည်။ဝမ်ရိပေါ်ကြောင့် ရထားသည့် သူ့ရဲ့ဒဏ်ရာတွေကလည်း အလျင်အမြန်ပြန်ကောင်းနေလေပြီ။

ရှောင်းကျန့်က အားနည်းတယ်ဆိုသော်လည်း ဝမ်ရိပေါ်နဲ့ခြေတစ်လှမ်းစာထက် ဘယ်တော့မှ မဝေးသည့်အတွက် ဖန်မုဟန်တိုက်ခိုက်တာကို ဝမ်ရိပေါ်က တားပေးသဖြင့် မခံလိုက်ရပေ။

"ချီးဘဲ....ရှောင်းကျန့် မင်းဘာကြောင့် အမြဲကံကောင်းရတာလဲ"

"ငါက ကံကောင်းတာမဟုတ်ဘူး...မွေးကတည်းက ကောင်းတဲ့ကံပါလာတာ...မုဟန်...ငါတကယ်မထင်ထားခဲ့ဘူး...မင်းကအမြဲအေးဆေးတဲ့သူမို့ ဒီလိုတစ်ကိုယ်ကောင်းသမားဖြစ်မယ်လို့လေ"

"တစ်ကိုယ်ကောင်းသမားလား...မင်းတို့ကို သတ်ဖို့လုပ်တာအတွက်လား"

"မဟုတ်ဘူး...ဒီအထပ်ကနေ လွတ်မြောက်ချင်စိတ်ကြောင့် သူငယ်ချင်းတွေကို စတေးပြီး ကိုယ်လွတ်ရုန်းချင်တဲ့ တစ်ကိုယ်ကောင်းသမား"

"ငါ့သူငယ်ချင်းက ချုံးမိုတစ်ယောက်တည်း...မင်းတို့မပါဘူး"

"ဟုတ်လား...ကိုယ့်သူငယ်ချင်းကို သတ်တဲ့သူအတွက် ငါတို့ကို သတ်ဖို့လုပ်နေတဲ့သူကလား"

ရှောင်းကျန့်က ဖန်မုဟန်အမှန်တရားကို မြင်လာပြီး ထိန်းချုပ်မှုကနေ လွတ်လာစေရန် ရန်စနေပေမဲ့ ဖန်မုဟန်က ဒေါသတွေသာထွက်လာပြီး သည်းကြီးမည်းကြီးတိုက်ခိုက်တော့သည်။ဒီတစ်ခါလည်း ဖန်မုဟန်သာ ရှုံးသွားပြီး သတိမေ့သွားပြန်သည်။

"ဒါက အချိန်ဆွဲနေသလိုဘဲ...အဲ့ဒီသရဲကြီးက တုပတစ္ဆေတွေမလာခင် ငါတို့ကို တိုက်ခိုက်လို့ရတာကို"

"တစ်ခုခုကို ကြံစည်နေတာဖြစ်မယ်"

"ရိပေါ်...ဒီတစ်ခါက ငါတို့သေနိုင်ချေအများကြီးရှိတယ်...အဲ့ဒီသရဲကြီးက မင်းနဲ့တိုက်ခိုက်ပြီး သူထိန်းချုပ်တာခံထားရတဲ့ မုဟန်ကတော့ ငါ့ကို သတ်လိမ့်မယ်"

"ကိုယ်မင်းကို ကာကွယ်ပေးမယ်"

"ဟင့်အင်း...ရိပေါ် ငါက အမြဲတမ်းလှချင်တယ်ပြောနေပေမဲ့.....ဟင်းးး.....ငါက လှနေပြီးသားဘဲလေ"

Ding-dong(Season 1)(Completed)Waar verhalen tot leven komen. Ontdek het nu