(31)မေးခွန်းထုတ်စက်

3.6K 615 27
                                    

ရှောင်းကျန့်တို့ ရှေ့ဆက်လျှောက်တော့ အသံအနည်းငယ်ကို ကြားလိုက်ရသည်။အသံက လူတွေပျော်ရွှင်စွာ အော်ဟစ်နေတဲ့အသံမျိုးဖြစ်သည်။

ရှေ့ဆက်လေ အသံကပိုကျယ်လာကာ ပိုလည်းရှင်းလင်းလာသည်။ထို့နောက် သူတို့လေးယောက်ဟာ လူတွေအများကြီးဝိုင်းကာ မီးပုံပွဲ ပြုလုပ်နေတဲ့နေရာနားကို ရောက်သွားကြသည်။

ထိုလူတွေ မမြင်နိုင်အောင် ပုန်းကွယ်ရင်း အခြေအနေတွေကို အကဲခတ်လိုက်သည်။မီးပုံကို အလယ်မှာထားပြီး ဝိုင်းဝန်းထိုင်နေတဲ့သူဟာ အယောက်၂၀လောက်ရှိသည်။ထိုအထဲတွင် သူတို့ရင်းနှီးနေတဲ့မျက်နှာတွေကိုပါ တွေ့လိုက်ရသည်။

ထိုအုပ်စုထဲတွင် ရီချုံးမို၊ပိုင်မုံ့မုံ့နဲ့အမွှာနှစ်ယောက်အပြင် သူတို့သိတဲ့ကျောင်းသားနှစ်ယောက်လည်း ရှိသေးသည်။သူတို့တွေက ထိုလူတွေနဲ့ နှစ်ပေါင်းများစွာ ခင်လာခဲ့သည့်နှယ် ပျော်ရွှင်ရီမောနေကြသည်။

ရှောင်းကျန့်တစ်ယောက် ရီချုံးမိုကိုတွေ့တာနဲ့ ပုန်းနေရာကနေထွက်လိုက်ပြီး အော်ခေါ်လိုက်သည်။ဝမ်ရိပေါ်ကလည်း ရှောင်းကျန့်ကို တားမနေပါ။

ရှောင်းကျန့်အသံကြောင့် စကားပြောနေတဲ့အုပ်စုဟာ ချက်ချင်းဘဲ တိတ်ဆိတ်သွားပြီး ရှောင်းကျန့်ကို လှည့်ကြည့်လာသည်။သူတို့မျက်လုံးတွေက အသက်ကင်းမဲ့သလို ဖြစ်နေတာကြောင့် ရှောင်းကျန့်လန့်သွားကာ ဝမ်ရိပေါ်အနောက် ဝင်လိုက်သည်။

ထိုအုပ်စုထဲမှ တစ်ယောက်က သူတို့အဖွဲ့အား အေးစက်စွာကြည့်လာပြီး

"မင်းတို့က?"

ရှောင်းကျန့်တစ်ယောက် 'ငါတို့က ဒီကို ပြေးရင်းနဲ့ရောက်လာတာ'လို့ ဖြေမဲ့အချိန်မှာ ဝမ်ရိပေါ်က ဖြေလိုက်သည်။

"ငါတို့က မင်းတို့နဲ့ အတူတူတွေဘဲ"

ဝမ်ရိပေါ်စကားကြောင့် ထိုအုပ်စုတစ်ခုလုံး ပြုံးရွှင်သွားကာ အရင်ကထက် ဖော်ရွေလာကြသည်။

"ဒါဆို လာထိုင်ကြ"

ရှောင်းကျန့်ကတော့ ကြောင်ကြောင်တောင်တောင်နဲ့ဘဲ ဝမ်ရိပေါ်လက်ကိုတွဲကာ ထိုင်လိုက်ရသည်။ထိုင်ပြီးတာနဲ့ ရီချုံးမိုကို ကြည့်လိုက်သည်။ရီချုံးမိုက သူ့ကိုပြုံးပြလာပြီး သူ့လက်ထဲက အသားကို စားမလားလို့ ကိုယ်ဟန်ပြသည်။

Ding-dong(Season 1)(Completed)Donde viven las historias. Descúbrelo ahora