Side story

2.9K 257 55
                                    

(A/N:ကောရဲ့မွေးနေ့အတွက် တင်ပေးတာပါ...S2လေးမတင်နိုင်သေးလို့ side storyပုံစံလေး တင်ပေးတာပါ😘 ကျန့်ကော Happy birthday😍😘)

ဒီနေ့ကတော့ အရမ်းကို ထူးခြားတဲ့နေ့လေးပါဘဲ။အခုမှ အသက်၁၈နှစ်ပြည့်သွားတာဖြစ်တဲ့ မစ္စတာရှောင်းကျန့်ရဲ့ မင်္ဂလာပွဲလေးပေါ့။

"ဂုဏ်ယူပါတယ်...ဂုဏ်ယူပါတယ်"

"နောက်ဆုံးတော့ ယောကျ်ားရသွားပြီဘဲ"

"ဘယ်သူ့မှ မင်းကို မယူဘူးလို့တောင် ထင်ခဲ့တာ...ဂုဏ်ယူပါတယ်ကွာ"

ရှောင်းကျန့် နားနေခန်းထဲတွင် သူ့ကို ဂုဏ်ပြုနေကြတဲ့ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေကို ကြည့်ရင်း ဂုဏ်ယူစွာ ပြုံးပြနေသည်။ရှောင်းကျန့်တဲ့ ဘာမှတ်နေလဲ။ဒီနေ့ အသက်ပြည့်ရင် ဒီနေ့လက်ထပ်မယ်။နောက်နေ့အသက်ပြည့်ရင် နောက်နေ့လက်ထပ်မယ်။မွေးကတည်းက အသက်ပြည့်နေရင်တော့ မွေးကတည်းက လက်ထပ်တာပေါ့။

"ဒါနဲ့ မင်းရဲ့ သတို့သားရော"

ထိုအချိန်မှာဘဲ တံခါးပွင့်လာကာ တောက်ပလွန်းတဲ့ အစိမ်းရောင်suitနဲ့ သတို့သားဝမ်ရိပေါ် ဝင်လာခဲ့သည်။ရှောင်းကျန့်ကတော့ သူ့ရဲ့ ရဲတောက်နေတဲ့ အနီရောင်suitကို ဝမ်ရိပေါ်ကို ပြလိုက်သည်။

"ပေါ်ပေါ်...ငါလှလား"

"အလှဆုံးဘဲ"

"ငါသိသားဘဲ...ဒီကမ္ဘာမှာ ငါ့ထက်ချောတဲ့လှတဲ့သူ မရှိတာကို"

"အွန်း"

ဘေးနားကနားထောင်နေကြသူတစ်သိုက်ကတော့ နှာခေါင်းရှံ့လိုက်ကြသည်။သတို့သားဝမ်ရိပေါ်က အဝေးမှုန်အနီးကန်း ဖြစ်နိုင်ကြောင်းပါ တွေးလိုက်ကြသေးသည်။

မင်္ဂလာပွဲမစသေးတာမို့ ရှောင်းကျန့်က ဝမ်ရိပေါ်ကိုယ်ပေါ် ပက်ကျိတစ်ကောင်လို ကပ်တွယ်နေကာ မြင်ရသူတိုင်းကို ​မျက်စိကန်းစေမတတ်ပင်။ဘာလို့ဆို မင်္ဂလာဝတ်စုံအရောင်တွေကြောင့်ဖြစ်သည်။နဂိုထဲက တစ်ယောက်ချင်းစီကိုကြည့်ရင်တောင် မျက်လုံးတွေ ကျိန်းနေတာမို့ပင်။

ခဏအကြာမှာ အခမ်းအနားမှူးက ပွဲစတော့မှာမို့ နေရာယူခိုင်းတော့သည်။သတို့သားနှစ်ယောက်ဘက်က ဧည့်သည်တွေကို တစ်ဖက်စီခွဲထားတာမို့ သတို့သားတစ်ယောက်ဘက်က တစ်ယောက်မှမရှိကြောင်း လူတိုင်းသတိထားမိသွားသည်။

Ding-dong(Season 1)(Completed)Opowieści tętniące życiem. Odkryj je teraz