Unicode
သုံးသပ်ချက် ~
မကြာသေးခင်က ငါ ဆုမဲတစ်ခု ပေါက်ခဲ့တယ်။ စတိုးဆိုင်က သားရေအစစ်နဲ့လုပ်ထားတဲ့ လက်ဆွဲအိတ်ဒီဇိုင်းအသစ်တစ်လုံး ငါ့ကို ပို့ပေးတယ်လေ။ အဲ့တာက အနောက်နိုင်ငံတွေမှာ အရမ်းနာမည်ကြီးတယ်လို့တော့ ထင်တာပါပဲ။
ဒါပေမယ့် ကျောင်းကုန်းဇီက အဲ့တာနဲ့ပတ်သက်ပြီး ကျိုးကြောင်းမဆီလျော်စွာနဲ့ သိမ်ငယ်နေခဲ့တယ်, "လောင်ဇီက မင်းကို ပစ္စည်းတွေ လက်ဆောင်မပေးဖူးဘူးလား? နေ့တိုင်း မင်း အဲ့တာတွေယူလာတာကို ငါ ဘယ်လိုမှမတွေ့ရဘူးနော်"
ငါက သူနဲ့ ကျိုးကြောင်းဆင်ခြင်ဖို့ ကြိုးစားလိုက်ပြီး ငါ့လက်ကောက်ဝတ်က နာရီကိုပြလိုက်တယ်, "ဒါကို ငါဝတ်တယ်လေ"
ဒါပေမယ့်လည်း ကျောင်းကုန်းဇီက ဒီကိစ္စကို လက်မလွှတ်ခဲ့ဘူး, "ဦးထုပ်ကကော?"
ငါက ကျောင်းကုန်းဇီကို သဘောမကျပေမယ့် ဘယ်သူကမှ အစိမ်းရောင်ဦးထုပ်ကို မဝတ်ချင်လောက်ဘူးလို့တော့ ငါ ထင်တယ်။
....... အိုကေ, မူရင်းဆန်ပြီး သမားရိုးကျမဟုတ်တဲ့ ကျောင်းကုန်းဇီကလွဲရင်ပေါ့။
အရင်က ငါ သူ့ကို အစိမ်းရောင်ဦးထုပ်အကြောင်းနဲ့ပတ်သက်ပြီး သိမ်သိမ်မွေ့မွေ့နဲ့သွယ်ဝိုက်ပြောဖူးပေမယ့် သူက စကားကိုလှည့်ပြီး ငါ့ကို ပွင့်လင်းမြင်သာမှုမရှိဘူးလို့ပြောခဲ့တယ်, "မင်းက ဥရောပ အကယ်ဒမီကို သွားတယ်, ဥရောပဘဏ်မှာ အလုပ်လုပ်ပြီးတော့ ဥရောပကဝတ်စုံတွေ ၀တ်တယ်လေ, ဒါဆို မင်းက ငါ့အဖေနဲ့ သူတို့လိုဖြစ်လာရင် ဘယ်လိုလုပ်မလဲ?"
ဒါပေမယ့် သူက ဒီလိုမှန်မှန်ကန်ကန်ပြောရင်တောင်မှ သူ့ရဲ့အစိမ်းရောင်ဦးထုပ်ဆောင်းခွင့်ကို ထိန်းသိမ်းဖို့အတွက် ကြိုးစားနေတာပါပဲ။ ဘာလို့လဲဆိုတော့ ငါက သူ့ရဲ့အဝတ်ဗီရိုကို မကြိုက်တာကြာပြီဆိုတာ သူသိတယ်လေ။ သူ ဘာလို့ အစိမ်းရောင်ကို အရမ်းကြိုက်နေတာလဲ?။
ငါက အနီရောင်ကြိုက်တယ်။
အနီရောင်က ကံကောင်းစေတယ်လေ။
YOU ARE READING
Annoying Zhao Gongzi (Myanmar Translation) Completed
RomanceThis is just a translation ... Original work is 讨厌的赵公子 by Your唯 and we translated from the website, novelupdates.com. Here is the link of the E translation - https://www.novelupdates.com/series/annoying-zhao-gongzi/ All credit to the original author...