အပိုင်း၂၆[U]

1.6K 299 35
                                    

一个钢镚儿(A lucky coin)

အပိုင်း၂၆

ချူးယိ မနက်အစောကြီး အိပ်ရာထသည်။အိမ်ကလူတွေ အကုန်လုံး အိပ်နေကြသည့် အချိန်တွင် ၊ သူ ပိုက်ဆံအိတ်ကိုယူ၍ အပြင်ထွက်လာခဲ့လိုက်သည်။

ပိုက်ဆံအိတ်က အိတ်တစ်လုံးပင်။အိတ်ထဲတွင် သူစုထားသည့် ပိုက်ဆံ နည်းနည်း ရှိသည်။သို့သော် အမေက အလွယ်တကူ ယူသုံးတတ်ပြီး ၊ အတန်းဖော်များက ရရင်ရသလို လုယူတတ်သည်တို့က ပုံမှန်လို ဖြစ်နေတာကြောင့် ၊ ဒီအိတ်ထဲ စုမိသည့် ပိုက်ဆံက တကယ်ကို နည်းနည်းလေးပဲ ရှိသည်။

သူ ကော်ရစ်ဒါတွင် ပိုက်ဆံအကုန်လုံးကို ထုတ်ယူ၍ ရေတွက်ကြည့်လိုက်သည်။ယွမ်သုံးဆယ်ပင် မပြည့်ပေ။အမြဲတမ်း သုံးစရာမ ရှိသည့် သူ့အတွက်ကတော့ သုံးလို့လောက်သည်ပင်။

သို့သော် ဆံပင်သွားညှပ်ဖို့ လောက်လား မလောက်လားဆိုသည်ကို ၊ သူ သေသေချာချာ မသိပေ။

သူ ဒီအသက်အရွယ်အထိ ဆံပင်ညှပ်ဆိုင် တစ်ခါမှ မသွားခဲ့ဖူးပေ။

ငယ်ငယ်တုန်းကတော့ အဖေက ဒီအတိုင်း ဘရိတ်ဓားသုံးပြီး ဂတုံးတုံးပေးလ်ိုက်တာပင်။ကျောင်းတက်သည့် အချိန်မှာတော့ ဂတုံးမတုံးပေးတော့ပဲ ၊ ကတ်ကြေးဖြင့် ခေါင်းကို ညှပ်ပေးလိုက်တတ်ပြီး ၊ တတိယတန်း နောက်ပိုင်းမှာတော့ အဖေက အခုလုပ်နေတဲ့ကုမ္ပဏီမှာ ကား၀င်မောင်းတာကြောင့် ၊ အလုပ်အရမ်းရှုပ်နေပြီး ၊ သူ့ဆံပင်ကို ထပ်ပြီးဂရုစိုက်ပေးသည့်လူ မရှိတော့ပေ။အဖွားနဲ့ အမေက ဆံပင်ရှည်ထားထားတာကြောင့်လည်း ဖြစ်နိုင်သည်။အဖိုးက ဂတုံးတုံးထားတာကြောင့် ၊ ဆံပင်ညှပ်သည့်ကိစ္စကို မသိပေ။

အဲ့အချ်ိန်ကနေစပြီး အခုအထိ ၊ ချူးယိသည် ကိုယ့်ဘာသာမှန်ကြည့်၍ ဆံပင်ကို ကတ်​ကျေးဖြင့် ညှပ်ခဲ့သည်။ပုံစံအနေအထား တွက်ဆတာမျိုး မရှ်ိပေ။မျက်လုံး မဖုံးဖို့နှင့် ၊ လည်ပင်းမထောက်ဖို့ကသာ အဓိကပင်။ပုံမှန်အားဖြင့် သူ့ကို ကြည့်သည့်သူလဲ မရှိချေ။

ငါ နေ့တိုင်းကြည့်တယ်လေဟု ၊ ယမ့်ဟန်ပြောခဲ့ဖူးသည်။

ချူးယိ သက်ပြင်းချလိုက်မိသည်။နည်းနည်းလောက်စောပြီး ဆံပင်သွားမညှပ်မိသည်ကို အတော်လေး နောင်တရမိသည်။သူ ဆံပင်ညှပ်ပြီးသွားလျှင် ဘယ်လိုပုံစံဖြစ်နေမည်ကို ယမ့်ဟန် မြင်တောင် မမြင်သွားလိုက်ရပေ။

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now