一个钢镚儿(A lucky coin)
အပိုင်း၅၀
"ဘာဖြစ်လို့လဲ?"
ယမ့်ဟန်မှာ အ၀တ်ဗီရိုရှေ့တွင် ရပ်နေပြီး ၊ ဗီရိုကို ဖွင့်၍ အင်္ကျီလဲရန်၀တ်ရန် ယူနေစဥ်မှာပင် ၊ ချူးယိ၏ ထိုစကားကို ကြားလိုက်ရ၍ ၊ လက်က ရပ်တန့်သွားခဲ့ပြီး
"ကိစ္စတစ်ခုခု ဖြစ်လို့လား?"
"မ,မဟုတ်ဘူး"
ချူးယိက တွန့်ဆုတ်နေပြီး
"ဘာကိစ္စမှ မ,ဖြစ်ဘူး"
"ဒါဆို မင်းက ဘာကို ကြောက်တာလဲ?"
ယမ့်ဟန်က အ၀တ်ဗီရိုကို မှီ၍ အသံတိုးတိုးဖြင့် မေးလိုက်သည်။
"မသိဘူး"
ချူးယိ၏ အသံက အတော်လေး လေးလံထိုင်းမှိုင်းနေသည်။
"မင်း အခု ဘယ်မှာလဲ?"
ယမ့်ဟန်က သူ့ကို ဆက်ပြီး မမေးတော့ပေ။
ချူးယိ၏ "ငါကြောက်တယ်"ဆိုသည့် ထိုစကားက ယမ့်ဟန်အတွက်တော့ အတော်လေး သနားစရာကောင်းလှသည်။ကိုယ့်ကိုကိုယ် တွေးမိသွားလို့လား ၊ ဒါမှမဟုတ် အရင်က ချူးယိကို သတိရမိသွားလို့လားတော့ မသိပေ။
လူတစ်ယောက်တွင် ကြောက်နေတတ်ကြသည့် အရာများစွာ ရှိကြသည်ပင်။တစ်ခါတစ်လေ လူတစ်ယောက် ၊ ကိစ္စတစ်ခု ၊ ခံစားချက်တစ်ခု စသည်တို့ကို ကြောက်လန့်နေတတ်ကြပြီး ၊ တစ်ခါတစ်လေ ကျပြန်တော့ အကြောင်းပြချက်မရှိပဲ ကြောက်နေတတ်ကြပြန်သည်။အကြောင်းအရင်းကို ရှာဖွေ၍ မရပဲ ၊ ဒီအတိုင်း ကြောက်နေတတ်ကြခြင်း ဖြစ်သည်။
"မြစ်ဘေးနားမှာ"
ချူးယိ၏ အသံက အနည်းငယ် တုန်ယင်နေဆဲပင်။
"သစ်ခေါင်းပေါက်နားမှာလား?"
ယမ့်ဟန်က မေးလိုက်သည်။
"အင်း"
ချူးယိက အသံတစ်ချက်ပေး၍ ပြန်ဖြေလိုက်သည်။