အပိုင်း၃၃[U]

1.9K 364 29
                                    

一个钢镚儿(A lucky coin)

အပိုင်း၃၃

ငါ မင်းကို သတိရတယ်။

ငါ မင်းကို အရမ်းသတိရတယ်။

ယမ့်ဟန် ငါ မင်းကို အရမ်းသတိရတယ်။

ယမ့်ဟန်နေခဲ့ဖူးသည့် အိမ်ရှေ့မှ ဖြတ်လျှောက်သွားသည့် အချိန်တိုင်း ၊ ထိုအိမ်ဘက်ကို ချူယိ အမြဲတမ်း လှမ်းကြည့်တတ်သည်ဆိုသော်လည်း လမ်းမကို ဖြတ်ပြီး တံခါးနားဆီကိုတော့ တစ်ခါမှ မသွားခဲ့ပေ။

နောက်ပိုင်းမှာတော့ ထိုအခန်းကို ထပ်ငှါးပေးလိုက်လေသည်။မိသားစု သုံးယောက်ပင်။ထိုအိမ်နားမှ ဖြတ်သွားသည့်အချိန်တိုင်း အသက်ငယ်ငယ် ကလေးလေးတစ်ယောက်က အိမ်မှထွက်လာကာ ကျောင်းကိုလမ်းလျှောက်သွားနေသည်နှင့် အမြဲတမ်း ကြုံရတတ်သည်။

ယမ့်ဟန်နှင့် ဦးလေးယမ့်တို့၏ အငွေ့အသက်များမှာ မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။

အငွေ့အသက်ကို ရှာရခက်လာလေ ၊ ပိုပြီးသတိရလာမိလေ ဖြစ်နေသည်။

မိနစ်အနည်းငယ်လောက် မစဥ်းစားလိုက်လျှင် ၊ တစ်နေ့နေ့မှာ မေ့ပျောက်သွားမည်ကို ကြောက်နေရသည်။

ယမ့်ဟန်ကို အရမ်းသတိရသည်။

မိမိမှာ ဤပုံစံအတိုင်း တစ်ချိန်လုံး သတိရနေရမည်ကိုလည်း ကြောက်မိသည်။

အခုအချိန်မှာတော့ ယမ့်ဟန်နှင့်အတူ လက်တွေ့ကျကျ လမ်းမပေါ် လမ်းလျှောက်နေပြီဖြစ်ပြီး ၊ ယမ့်ဟန်၏ အသံကိုလည်း ကြားနေရလေပြီ။အသာလေး ယိမ်းလိုက်ပါက ယမ့်ဟန်၏ လက်ကိုပင် ထိလို့ရနေပြီး ၊ မိန်းကလေးတွေကို လှည့်စားလို့ရသည့် မျက်လှည့်ကိုလည်း လုပ်ပြခိုင်းလို့ရသေးသည်။

ထိုအခါမှသာ လက်တွေ့ဖြစ်လာသလိုမျိုး သူတစ်ဖြည်းဖြည်းချင်း ခံစားလာရသည်။

သူ ယမ့်ဟန်ကို ရှာတွေ့ခဲ့ပြီ။

ယမ့်ဟန်က ထွက်မသွားဘူး ၊ ဒီနေရာမှာ ရှိနေသေးတယ်။

ယမ့်ဟန်က သူ့ကို ထူးဆန်းသည့်သူဟု မပြောခဲ့ပေ။သူ့ကို မပုန်းကွယ်ခဲ့ပေ။သူ့အဖေရဲ့ကိစ္စကြောင့် ခပ်တန်းတန်း ဆက်ဆံတာမျိုးလည်း မရှိချေ။

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now