一个钢镚儿(A lucky coin)အပိုင်း၈၂
ငါးရက်တာခွင့်ရက်တွင် အစကနေ အဆုံးအထိဆိုလျှင် ယမ့်ဟန်နှင့် ချူးယိအတွက် "ခရီးသွားရမည့်"အချိန်က သိပ်မရှိပေ။ယမ့်ဟန်မှာ ချူးယိအတွက် နည်းနည်း စိတ်မကောင်း ဖြစ်သွားမိသည်။ချူးယိမှာ အိမ်နှင့်ဝေးရာသို့ တစ်ခါမှ ခရီးမထွက်ဖူးခဲ့ပေ။ဤသည်က ပထမဆုံးအကြိမ် ခရီးဖြစ်သော်လည် ခရီးသွားလျှင်တကယ်နာမည်ကြီးသည့် နေရာများကိုတော့ မသွားခဲ့ရပေ။
သို့သော်လည်း ချူးယိကတော့ ဘယ်နေရာကို သွားရသွားရ၊ ဘာကိုပဲ ကြည့်ရကြည့်ရ ၊ ဘာကိုပဲ ဆော့ရဆော့ရ ဂရုမစိုက်ပေ။
"မင်းရဲ့,စကားကို ယူသုံးရရင်"
ချူးယိက ပြောလိုက်သည်။
"ခရီးဆိုတာ နာမည်သက်,သက်ပဲ မဟုတ်ဘူး ၊ လူကိုလည်း ကြည့်ရဦးမယ် ၊ မင်းနဲ့ အ,အတူတူ သွားနေရရင် ၊ အဲ့,အဲ့ဒါက ခရီးပဲ"
"စကား အရမ်းတတ်တာပဲ"
ယမ့်ဟန်က ရယ်လိုက်သည်။
"စ,စကားထစ်တယ်ဆိုပြီး အထင်မ,မသေးနဲ့"
ချူးယိက ခေါင်းညိတ်ပြလိုက်သည်။
"ခဏနေဝင်ခွင့်လက်မှတ် မရှိတော့ရင် ကေဘယ်လက်မှတ်ဝယ်လိုက် တောင်ထိပ်ကိုတက်မယ် "
ယမ့်ဟန်က ပြောလိုက်သည်။
"မင်း တောင်းဆိုထားတာနဲ့ အရမ်းကို ကိုက်ညီတယ် မဟုတ်လား?"
"ကေ,ကေဘယ်စီးရင် ဘယ်လောက်လဲဆိုတာ ကြည့်ကြည့်လိုက်ဦးမယ်"
ချူးယိက ဖုန်းကို ထုတ်ယူလိုက်ပြီး
"ဒစ်စကောင့် ရှိ,မရှိ ငါ ကြည့်လိုက်မယ်"
လိုင်းပေါ်ကနေ ဘေရှင်းတာပဲ ဖြစ်ဖြစ် ၊ လက်မှတ်ဝယ်တာပဲ ဖြစ်ဖြစ် ၊ လက်ငင်းငွေရှင်းတာထက် နည်းနည်း စျေးသက်သာသည်ကို သိသွားသည့် အချိန်ကစပြီး ၊ ချူးယိမှာ နေရာတစ်ခုကို ရောက်တိုင်း အရင်ဆုံး ရှာဖွေ စစ်ဆေးနေတတ်သည်။