一个钢镚儿(A lucky coin)
အပိုင်း၄၃
အမှန်တော့ ကျောင်းတံခါးစောင့် ဦးလေးကြီးက ကျောင်းထဲကို ဘယ်သူ၀င်၀င် ၊ ဘယ်သူထွက်ထွက် ဂရုစိုက်ပေ။404 က သူများက ပြောစရာ ဆင်ခြေရှာကြရုံဖြစ်သည်။
ကျောင်းစည်းကမ်းများက အတော်လေး ပေါ့ပေါ့လျော့လျော့ ရှိသည်။အရင်က ချူးယိတက်ခဲ့သည့် အမှတ်82 ကျောင်းနှင့် နှိုင်းယှဥ်လိုက်လျှင် ၊ အခုကျောင်းက အစောင့်မရှိသလိုပင် ဖြစ်နေသည်။သတို့အဆောင်တွင် ရန်နှစ်ခါဖြစ်ခဲ့သော်လည်း ၊ ဆရာတွေ သိသွားဖို့မပြောနှင့် ၊ အဆောင်မှူးများပင် မသိကြပေ။
မိန်းကလေးများဘက်တွင်တောင်မှ ရန်ဖြစ်ကြသည်များ ရှိသည်။ရန်အကြီးအကျယ် မဖြစ်ကြဖူးဆိုသော်လည်း ၊ မရေအတွက်မှာတော့ ဒီဘက်က ယောကျာ်းလေးတွေထက် အများကြီး ပိုသည့်ပုံပင်။တစ်ယောက်ချင်းစီတိုင်းက အတော်လေး ကြောက်စရာကောင်းလှသည်။
သူတို့အားလုံး ကုန်စုံဆိုင် အသေးလေးဆီ အရင်သွားလိုက်ကြပြီး ရေ၀ယ်သောက်လိုက်ကြသည်။အားကစားအချိန်တိုင်း သူတို့ ရေလာ၀ယ်သောက်တတ်သည်ပင်။အစကတော့ အချိုရည်ဘူးတစ်ဘူးကို ရှာ၍ အဆောင်ကနေ ရေထည့်ခဲ့ဖို့ ချူးယိ လုပ်ခဲ့ဖူးသည်။နောက်ဆုံးမှာတော့ ကျိုးချွမ်းရန်က အကြိမ်တိုင်း သူတို့ကို ရေ၀ယ်တိုက်နေတာကြောင့် ၊ ရေမယူခဲ့တော့ပေ။
"နောက်တစ်ခေါက်ကျရင် ရေက်ို ငါ၀ယ်တိုက်မယ်"
ကောင်းရှောင်ယန်က ပြောလာသည်။
"အမြဲတမ်း ချွမ်းရန်ပဲ ၀ယ်တိုက်နေတာ ၊ အားနာစရာကောင်းတယ်"
"နေစမ်းပါ"
ကျ်ိုးချွမ်းရန်က ပြောလာသည်။
"မင်း တစ်လတစ်လ အသုံးစရိတ်က ဘယ်လောက်မို့လို့လဲ?"
ကောင်းရှောင်ယန်က စဥ်းစားနေပြီး ပါးစပ်ဟရန် ပြင်လိုက်သည့် အချိန်မှာပင် ၊ ကျိုးချွမ်းရန်က ပြောလာသည်။ :
"ငါက ပိုများတယ်"
"မင်းပဲ ၀ယ်တိုက်လိုက်ပါ"
ကောင်းရှောင်ယန်က ရယ်ရင်း ပြန်ပြောလာသည်။
"ငါ ၀ယ်မကျွေးချင်တော့တဲ့ အချိန်ကျရင် ပြောမှာပေါ့"