အပိုင်း၆၆[U]

1.9K 363 50
                                    

一个钢镚儿(A lucky coin)

အပိုင်း၆၆

ညနေအတန်းဆင်းသည့် အချိန်၌ ၊ ချူးယိမှာ လက်တွေ့လေ့ကျင့်ရေး အခန်းဆီ တကူးတကသွား၍ ၊ ပစ္စည်းကိရိယာတစ်ပုံတစ်ခေါင်းကြီး ကြားထဲတွင် နေကာ တပ်လိုက်ဖြုတ်လိုက်ဖြင့် အတော်ကြာအောင် လေ့လာစစ်ဆေးနေလိုက်သည်။

ဒီနေ့ ယန်လောင်ရှီး သူ့ကို ဆူပူနေချိန်တွင် ၊ သူ အရမ်းစိုးရိမ်ထိတ်လန့်ပြီး ကြောက်ရွံ့နေမိခဲ့သော်လည်း တစ်ချို့စကားများကိုတော့ သူ မှတ်သားထားမိသည်ပင်။

သူ၏ အထူးပြုဘာသာရပ်မှာ ယခုလက်ရှိ၌ အတော်လေး ကောင်းသည်ပင်။ဆရာ၏စကားကို နားထောင်၍ သူ ဆက်ကြိုးစားသင်ယူရမည်။နောက်ပိုင်းတွင် သူ ဒီအလုပ်ကို မှီခို၍ ထမင်းရှာစားရမှာ မို့လို့ပင်။

တစ်ခြားသူတွေ နားမလည်တာလည်း ဖြစ်နိုင်သည်ပင်။ဥပမာဆိုရသော် နေ့စဥ်နေ့တိုင်း ခေါင်းထဲတွင် စားသောက်ပျော်ပါးဖို့သာ တွေးတောနေသည့် ကျိုးချွမ်းရန်လို လူမျိုးပင်။သူတို့အိမ်က သူ့အား စက်မှုသက်မွေးပညာကောလိပ်တွင် တက်ရန် ပို့လိုက်သည်က အလယ်တန်းပြီးဆုံးသွားပြီး သွားစရာနေရာ မရှိလို့တော့ မဟုတ်ပေ။မော်တော်ကား ပြုပြင်ရေးကို ကျိုးချွမ်းရန်ကိုယ်တိုင်က ကားတွေကို သဘောကျသောကြောင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။မော်တော်ကား ပြုပြင်ရေးမှာ သူ ထင်ထားသလိုမျိုး နေ့တိုင်း ကားတွေကို ထိတွေ့ကိုင်တွယ် နေရတာ မဟုတ်ပဲ ၊ နေ့စဥ်နေ့တိုင်း ကိရိယာတန်ဆာပလာတွေကိုသာ ကိုင်တွယ်ရကြောင်း ယခု သိသွားသော်လည်း နောက်ကျသွားပြီဖြစ်သည်။

သူက တစ်ခြားအတန်းဖော်တွေနှင့် မတူညီကြောင်းကို ချူးယိ ရှင်းရှင်းလင်းလင်း သိသည်ပင်။သူ့တွင် နောက်ဆုတ်စရာ လမ်းမရှိချေ။စက်မှူသက်မွေးပညာကောလိပ်ကို တက်မည်ဟု ပြောလိုက်ချိန်ကစပြီး ၊ ကိုယ့်ကိုကိုယ်သာ အားကိုးမှီခိုရတော့မည်ဖြစ်သည်။

မဟုတ်ပေ။အမှန်တော့ သူ သာ အခြေအနေတွေ ပရမ်းပတာ ဖြစ်သွားခဲ့ပါက ၊ ယမ့်ဟန် ရှိနေသေးသည်။ယမ့်ဟန်က သူ့ကို ကူညီမှာပင်။

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now