一个钢镚儿(A lucky coin)
အပိုင်း၈၇
ယမ့်ကျိယွမ်က သူ့ဘာသာ အဖမ်းခံလိုက်ပြီ။
ချွေးယိက တကယ်ကို စဥ်းစားတွေးတောတတ်သည့် သူပင်။သူ့ကို တိုက်ရိုက်ကြီး တိုက်ခိုက်လိုက်သလို မဖြစ်စေရန်အတွက် ၊ အဖေ့၏ နာမည်ကို သုံး၍ ပြောပြလာခြင်းပင်။
အနည်းဆုံးတော့ သူ အချိန်ယူဖို့ နှစ်စက္ကန့်လောက် ရသွားစေခဲ့သည်။
နှစ်စက္ကန့်လောက် ကြာသွားသည့် နောက်တွင် ၊ ယမ့်ဟန်မှာ စင်္ကြံလမ်းရှိ နံရံပေါ် ဖြည်းဖြည်းချင်း မှီချလိုက်မိသည်။
အဖေက သူ့ဘာသာ အဖမ်းခံလိုက်တာလား?
အဖေက တကယ်ကြီး သူ့ဘာသာ အဖမ်းခံလိုက်ပြီ။
အဖေက နောက်ဆုံးတော့ သူ့ဘာသာ အဖမ်းခံလိုက်ပြီ။
"သူက ရှေ့နေနဲ့ တွေ့ချင်နေတယ်"
ချွေးယိက ပြောလာသည်။
"ဦးလေး အခု သွားတော့မလို့"
"ဦးလေးက အဖေ့ရဲ့အမှုကို တာ၀န်ယူမလို့လား?"
ယမ့်ဟန်က မေးလိုက်သည်။
"အင်း ၊ ဘာဖြစ်လို့လဲ?"
ချွေးယိက ပြန်ပြောလိုက်သည်။
"ဦးလေးက သိပ်ပြီး မကျွမ်းကျင်ဘူး မဟုတ်လား?ဦးလေး လက်ခံတဲ့ အမှုတွေ အကုန်လုံးက စီးပွားရေးအမှုတွေကို"
ယမ့်ဟန်က ပြောလိုက်သည်။
"ယမ့်ကျိယွမ်က ကိုယ်စားလှယ်ရှေ့နေ နှစ်ယောက် ငှားလို့ရတယ်"
ချွေးယိက ကျစ်ခနဲ တစ်ချက် စုတ်သတ်လိုက်ပြီး
"ဦးလေးက ပိုက်ဆံလည်း ယူမှာမဟုတ်ဘူး ၊ အလကားတောင် မလိုချင်ဘူးလား"
ယမ့်ဟန်မှာ ရယ်လိုက်မိသည်။
"မင်း ညကျရင် အိမ်မှာနေပြီး ဦးလေးဆီက သတင်းကို စောင့်နေ"