အပိုင်း၉၈[U]

1K 181 3
                                    

一个钢镚儿(A lucky coin)

အပိုင်း၉၈


မင်းမှာ ခွေးရှိတယ်။

အငှားကား စီး၍ ချူးယိတို့ မော်တော်ကား ပြုပြင်ရေး အလုပ်ရုံဆီ လာနေသည့် အချိန်၌ ၊ ယမ့်ဟန်ခေါင်းထဲတွင် ထိုစကားကိုသာ တစ်ချိန်လုံး ကြားယောင်နေမိသည်။

ဟုတ်တာပဲ။ခွေးရှိတယ်။

အလုပ်ထွက်သည်ဆိုသည့် ဒီလိုကိစ္စမျိုးအား ၊ အရင်တုန်းကဆိုလျှင် သူ လုံး၀ကို ဂရုစိုက်နေမှာ မဟုတ်ပေ။အကုန်လုံးက အဆင်ပြေရာ အလုပ် ၀င်လုပ်၍ မုန့်ဖိုးနည်းနည်းလောက် ရှာခြင်းဖြစ်သည်။အလုပ် ရှိလျှင် ရှိတယ်ဟု မှတ်ယူပြီး ၊ မရှိတော့လျှင် မရှိတော့ဘူးဟု မှတ်ယူလိုက်ရုံပင်။

သို့သော်လည်း အခု ဒီအလုပ်ကိုတော့ သူ နှစ်နှစ်တောင် လုပ်ခဲ့သည်။အရှေ့ခမ်းမ၏ စားပွဲထိုးအဖြစ်မှ ယာယီအလုပ်သမား ခေါင်းဆောင် ဖြစ်လာကာ ၊ ထပ်ပြီး အဓိက စားဖိုလ်မှူး၏ လက်ထောက် ဖြစ်လာခဲ့သည်။တော်တော်လေး ကြိုးစားထားပြီး ၊ စိတ်စွမ်းအင်များလည်း တော်တော်လေး သုံးထားခဲ့သည်။အလုပ်ထွက်တော့မည်ဟု တကယ်ကြီး ထုတ်ပြောလိုက်ရခြင်းမှာ ၊ သူ၏ စိတ်အခြေအနေကို မှီခို၍ ပြောလိုက်ခြင်း ဖြစ်သည်။

အရ်ိုးထဲ စွဲထင်နေပြီ ဖြစ်သော လုပ်ချင်တာ လုပ်တတ်သည့် အကျင့်မျိုးပင်။

ဟော်တယ်မှ ထွက်လာသည့် အချိန်တွင် ၊ လူတစ်ကိုယ်လုံး ပေါ့ပါးသွားသလို သူ ခံစားလိုက်ရသည်။သို့သော်လည်း အရင်ကလိုမျိုး ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူးဆိုသည့် ပုံစံမျိုး မဟုတ်တော့ပေ။

အခုလက်ရှိ သူက ၊ အရင်ကလိုမျိုး အဖေနှင့်အတူ နေရာအနှံ့လျှောက်သွားနေပြီး ဘာကိုမှ ဂရုစိုက်စရာ မလိုသည့် သူမျိုး မဟုတ်တော့ပေ။

ဖုန်းထဲကနေ အားအင်အပြည့်ဖြစ်နေသည့် "မင်းမှာ ခွေးရှိတယ်"ဟူသော ချူးယိ၏ ထိုစကားကို ကြားလိုက်ရသည့် အချိန်ကျမှသာ ၊ သူ ရုတ်တရက် စိတ်တည်ငြိမ်သွားခဲ့သည်။

ချူးယိ၏ ထိုလစာလေးက ၊ သူ၏ အားအင် မဟုတ်ပေ။ချူးယိ၏ ထိုသဘောထားကသာ သူ၏ အားအင်ပင်။

အကြွေစေ့လေးတစ်စေ့ [Completed]Место, где живут истории. Откройте их для себя