အပိုင်း၉၆[U]

1.3K 220 13
                                    

一个钢镚儿(A lucky coin)

အပိုင်း၉၆


ချူးယိက ရုတ်တရက်ကြီး အရွယ်ရောက်တော့မည်ဖြစ်ကြောင်း ကြေငြာလာခဲ့သည်။ဤသည်ကို ယမ့်ဟန် ကြိုတင်မျှော်လင့်ထားမိခဲ့ခြင်း မရှိပေ။

ချူးယိ၏ မွေးနေ့က်ို ရောက်ဖို့ ဆယ်ရက်တောင် လိုသေးသည်ပင်။သူ ထိုနေ့အတွက် အတွေးအမျိုးမျိုးက််ို တစ်ချိန်လုံး မြင်ယောင်နေမိခဲ့သည်။

ချူးယိပြန်လာသည့် ဒီနေ့တွင် ၊ သူတို့နှစ်ယောက် ပွဲကြီးတစ်ပွဲလောက် လုပ်ဖြစ်ကြမည်မှန်း သိထားသော်လည်း ၊ ချူးယိက ရုတ်တရက်ကြီး တိုက်ပွဲ၀င်မည်ဆိုသည့် တောင်းဆိုချက်ကို တောင်းဆိုလာလိမ့်မည်ဟု သူ မထင်ထားမိခဲ့ပေ။

ဒီလို အတွေးတစ်ချက် လွင့်သွားသည့် အချိန်မှာပင် ၊ သူကုတင်ပေါ်၌ ချူးယိ၏ ဖိထားခြင်းကို ခံလိုက်ရသည်။

အမှန်အတိုင်း ပြောရလျှင် မော်တော်ကားပြုပြင်သည့် အလုပ်သမား ၀ံပုလွေအမဲလိုက် ခွေးအ၏ အားက အတော်လေးကို ကြီးလွန်းလှသည်ပင်။အထူးသဖြင့် ရုတ်တရက်ကြီး စိတ်လှုပ်ရှားသည့်.jpg အခြေအနေ၌ပင်။သူ့လက်မောင်းကို ဖိကိုင်လာသည့် အချိန်၌ ၊ သူ လှုပ်လို့ပင် မရတော့ပေ။

သို့သော်လည်း ချူးယိထံတွင် ဘာလက်တွေ့တိုက်ပွဲ အတွေ့အကြုံမှ မရှိချေ။လမ်းမကြီးပေါ်မှာ ရန်ဖြစ်တာပဲဖြစ်ဖြစ် ၊ ကုတင်ပေါ်မှာ ရန်ဖြစ်တာပဲဖြစ်ဖြစ် ၊ နည်းနည်းတော့ အရည်အချင်း လျော့နည်းနေသည်ပင်။ယမ့်ဟန်က ချူးယိ၏ နံရိုးအောက်ကို ဖိနှိပ်လိုက်ရာ ၊ ချူးယိ၏ လက်ရှိ အားက ချက်ချင်း လျော့သွားခဲ့သည်။

"ကောင်စုတ်လေး"

ယမ့်ဟန်က အခွင့်အရေးကို အရယူ၍ ဒူးခေါင်းကို ထောင်လိုက်ပြီး ၊ ချူးယိ၏ ခါးကို ထောက်၍ ပင့်မြှောက်လိုက်ကာ ၊ ကိုယ်က်ိုလှည့်ချလိုက်ပြီး သူ့ကိုယ်အောက်တွင် ဖိထားလိုက်သည်။

"အရမ်းကို ကြမ်းတမ်းနေတယ်ပေါ့?"

"မင်း,သေမတတ် လန့်သွားပြီ မဟုတ်လား"

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now