一个钢镚儿(A lucky coin)
အပိုင်း၄၅
ယမ့်ဟန်က လူနှစ်ယောက်စာအတွက် မနက်စာကို အလျင်မမြန် ချက်ပြုတ်လိုက်သည်။ဒီနေ့ချက်တာကတော့ အော်ဂရက်တင်ထမင်းပင်။ချူးယ်ိမှာ သွားတိုက်နေရင်းဖြင့် ဘေးနားကနေ ရပ်ကြည့်နေမိသည်။
[T/N : အော်ဂရက်တင်ထမင်း = အပူပေးစက်က်ို သုံးပြီး မီးကင်ရတဲ့ ထမင်းပါ။ထမင်းထဲမှာ ဟင်းသီးဟင်းရွက်တွေ ပါပြီးတော့ ၊ အနောက်တိုင်း အစားအစာ ချက်ပြုတ်နည်း တစ်ခုဖြစ်ပါတယ်။13ရာစုနှစ်မှာ တရုတ်မြောက်ပိုင်းကနေ တရုတ်တောင်ပိုင်းကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတဲ့ ဟန်လူမျိုးရဲ့ အုပ်စုခွဲ Hakka တွေရဲ့ ဟင်းချက်ပြုတ်နည်ဖြစ်ပြီး ၊ စွပ်ပြုတ်ရည် နဲ့ ရေနွေးငွေ့ ဒါမှမဟုတ် ဆား ၊ အပူငွေ့တွေကို အပူကူးပြောင်းတဲ့ ကြားခံအဖြစ်သုံးပြီး ချက်ပြုတ်တဲ့ နည်းပါ။]
အရင်က ဆိုလျှင်တော့ အိမ်တွင် မနက်စာကို ဒီလို စုံစိနေအောင် လုပ်ရသည့် အရာမျိုးအား ချက်ဖို့က သိပ်မဖြစ်နိုင်ပေ။အမေက ဖက်ထုပ်တစ်အိုး ချက်နေရင်း ဒေါသထွက်လာကာ လူကို လိုက်ပြီး ဆူပူနေတတ်သောကြောင့်ပင်။သူကတော့ တစ်ခါတစ်လေဆို ပိုက်ဆံယူ၍ အပြင်တွင် ပေါက်စီတွေဘာတွေ သွား၀ယ်ပေးရတတ်သည်။
ယခု ယမ့်ဟန် အော်ဂရက်တင်ထမင်းအားချက်ပြုတ်နေသည်ကို ကြည့်နေရသည်မှာ ၊ လူကိုကြည့်နေသည်ဟုလည်း ပြော၍ ရသည်ပင်။မျက်နှာသစ် သွားတိုက် လုပ်ပြီးသွားသည့် နောက်တွင် ၊ အော်ဂရက်တင် ထမင်းနှစ်ပွဲစလုံးမှာ မီးကင်စက်ထဲ ရောက်သွားပြီ ဖြစ်ပြီး အချိန်စေ့အောက် စောင့်ရုံပဲ ကျန်တော့သည်။
"ရေခဲသေတ္တာထဲမှာ နွားနို့ရှ်ိတယ်"
ယမ့်ဟန်က ပြောလာသည်။
"မင်း ပူပူလေး သောက်ချင်တယ်ဆိုရင် မိုက်ခရိုဝေ့ထဲထည့်ပြီး နွှေးလိုက်"
"အေးအေးလေးလည်း ရတယ်"
ချူးယိက ပြန်ပြောလိုက်သည်။