အပိုင်း၈၈[U]

1K 186 5
                                    

一个钢镚儿(A lucky coin)

အပိုင်း၈၈

"ချီးကို ကြည့်"

ယမ့်ဟန်က ချူးယိ၏ လက်ကို ပုတ်ထုတ်လိုက်ပြီး

"ဆံပင်လေမှုတ်နေတာလေ ၊ မြန်မြန်လုပ် ၊ မှုတ်လို့ ခြောက်သွားရင် အိပ်လို့ရပြီ"

ယမ့်ဟန်က ခေါင်းကိုငုံံ့၍ ဖုန်းဆက်ကြည့်ရန် ပြင်လိုက်ချိန်တွင် ၊ ချူးယိက လက်ကို ထပ်ပြီး ဆန့်ထုတ်၍ ယမ့်ဟန်၏ မေးစေ့ကို ထိန်းကိုင်ထားလိုက်ကာ ၊ ခေါင်းကို အနောက်ဘက်ဆီ နောက်တစ်ခေါက် ပင့်မြှောက်၍ မျက်နှာပင့်ထားခိုင်းလိုက်သည်။

"အထိုးခံချင်နေတာပေါ့ ဟုတ်လား?"

ယမ့်ဟန်က ပြောလိုက်သည်။

"ငါ ထပ်,ကြည့်ကြည့်မယ်"

ချူးယိက ပြောလိုက်သည်။

"မင်းကို ထိုးတော့မှာနော်?"

ယမ့်ဟန်က ချူးယိကို ကြည့်၍ ပြောလိုက်သည်။

"ထိုးပေါ့"

ချူးယိက ခေါင်းကိုငုံ့၍ ယမ့်ဟန်နှုတ်ခမ်းပေါ် တစ်ချက် နမ်းလိုက်သည်။

"ငါက ဒီအတိုင်းထိုးတာလောက်ကို ကြောက်,မ,မနေဘူး"

"ငါက မင်းကို တကယ်မထိုးရက်လို့"

ယမ့်ဟန်က ပြောလိုက်သည်။

"ငါ မင်းကို စိတ်ရှိသလို ထိုးလိုက်လို့ကတော့ ၊ မင်း ဆေးရုံတက်လိုက်ရမယ်"

"ငါ ကြည့်ကြည့်မယ်"

ချူးယိက ယမ့်ဟန်၏ ဖုန်းကိုယူရန် လက်ကို ဆန့်ထုတ်လိုက်သည်။

ယမ့်ဟန်က ဖုန်းကို ဘောင်းဘီအ်ိတ်ကပ်ထဲ ထိုးထည့်လိုက်ပြီး ၊ ချူးယိကို ရယ်ပြလိုက်သည်။ :

"ကလေးလေး ၊ ဒီဟာတွေ ကြည့်ဖို့ပဲ တွေးမနေနဲ့"

ချူးယိက ကျစ်ခနဲ တစ်ချက် စုတ်သတ်လိုက်ပြီး ၊ ခေါင်းကိုငုံ့၍ ယမ့်ဟန်နှုတ်ခမ်းပေါ် ထပ်နမ်းလိုက်သည်။တွေးနေရင်း တွေးနေရင်း တစ်ချက်လောက် လျက်လိုက်မိကာ ၊ ပြီးနောက်တွင် ဘာမှ ထပ်မပြောတော့ပဲ ၊ ယမ့်ဟန်၏ ဆံပင်ကို လေဆက်မှုတ်ပေးလိုက်သည်။

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now