一个钢镚儿(A lucky coin)
အပိုင်း၉၂
ဒီစူးပင်းက လုံး၀ကို အထိုးမခံနိုင်ပေ။
သူ့ ခန္ဓာကိုယ်ကို ယမ့်ဟန် ခြေထောက်ဖြင့် တစ်ချက် လှမ်းကန်လိုက်ချိန်တွင် ၊ အားပင် မသုံးလိုက်ပေ။သူက မြေပြင်ပေါ်တွင် ကိုယ်လုံး ကွေးလိုက်ပြီး လှုပ်မလာတော့ပေ။
"သေသွားပြီလား?"
တာ့လီက သုံးဘီးဆိုင်ကယ် အစုတ်ပေါ်ကနေ ခေါင်းပြူထွက်၍ မေးလာသည်။
"ဒီခြေကန်ချက်က ပုရွက်ဆိတ်တောင် မသေနိုင်ဘူး"
ယမ့်ဟန်က ပြောလိုက်သည်။
"ဟန်ဆောင်နေတယ်ပေါ့"
တာ့လီက ဆိုင်ကယ်ပေါ်မှ ဆင်းလာပြီး ၊ စူးပင်းဘေးကို လျှောက်သွားလိုက်ကာ ၊ ခါးကိုကိုင်း၍ တစ်ချက် အော်ပြောလိုက်သည်။
"ပိုက်ဆံ ! ဘယ်အချိန် ပြန်ဆပ်မှာလဲ ! "
"ကျွန်တော် ခင်ဗျားတို့ဆီမှာ ပိုက်ဆံအကြွေး မရှိပါဘူး ! "
စူးပင်းကလည်း ငိုသံပါနေသည့် အသံဖြင့် တစ်ချက် ပြန်အော်ပြောလာသည်။
"ခင်ဗျားတို့ လူမှားနေကြပြီ ! "
"မင်းက စူးပင်း ဟုတ်လား မဟုတ်ဘူးလား"
ယမ့်ဟန်က ဖြည်းဖြည်းချင်း ပြောကာ မေးလိုက်သည်။
"ခုနက မင်းကို မေးတယ်လေ ၊ မင်းပြောတော့ ဟုတ်တယ်ဆို"
စူးပင်းက အလောတကြီး ပြောလာသည်။ :
"ကျွန်တော် ဟုတ်ပါတယ် ၊ ဒါပေမယ့် ကျွန်တော် ........"
"ပိုက်ဆံပြန်ဆပ် ! "
ယမ့်ဟန်မှာ စူးပင်း၏ တင်ပါးကို ခြေထောက်ဖြင့် တစ်ချက် ကန်ပစ်လိုက်သည်။
"ခင်ဗျားတို့က ဘယ်သူတွေလဲ ! "
စူးပင်းက အသံအက်ကွဲသည်အထိ အော်ပြောလာသည်။