အပိုင်း၅၇[U]

1.7K 314 25
                                    

一个钢镚儿(A lucky coin)

အပိုင်း၅၇

ချူးယိမှာ တစ်ခါမှ ခြေထောက်မလည်ဖူးပေ။အရင်တုန်းက တစ်ခြားလူတွေ လိုက်တာမျိုး မကြာမကြာ ခံရခဲ့သော်လည်း ၊ အကြိမ်တိုင်းလိုလို၌ ၀ှီးခနဲ ၀ှီးခနဲနေအောင် ပြေးနိုင်ခဲ့သည်ပင်။တစ်ခါမှ ခြေထောက်လည်သွားတာမျိုး မဖြစ်ဖူးခဲ့ပေ။ဒီနေ့မှာတော့ ဘာကြောင့်လဲ မသိပေ။အရေးပေါ် မီးသတ်လမ်းကြားနား ရောက်ရောက်ချင်းမှာပင် ခြေထောက်က လည်သွားခဲ့သည်။

ထိုနေရာတစ်၀ိုက်ရှိ မြေမျက်နှာပြင်က ပြန့်ပြူးနေပြီး ၊ ဘာပစ္စည်းပစ္စယမှလည်း ရှိမနေပေ။ခြေထောက်က ဗလာသက်သက်ဖြစ်နေသည့် နေရာကို နင်းမိလိုက်သလိုမျိုး ချက်ချင်း ယိုင်သွားခဲ့သည်ဟု ဘာကြောင့် ထင်နေမိမှန်းတော့ မသိချေ။

ထိုလူပြေးသည်က မြန်သည်ဟု ပြော၍ မရပေ။သို့သော်လည်း မီးသတ်အရေးပေါ် လမ်းကြားမှာ ဆေးရုံဌာနဆိုင်ရာ အချက်အလက်များ ဖြည့်ရသည့် ဟောခန်းနှင့် တစ်ဆက်တည်း ဖြစ်နေတာကြောင့် လူ အရမ်းများနေသည်။ချူးယိ ဆက်လိုက်သွားသည့် အချိန်တွင် ထိုလူကို မတွေ့ရတော့ပေ။အစက နည်းနည်းလောက် ထပ်ပြီး ပတ်ကြည့်ရန် တွေးလိုက်မိသေးသော်လည်း ၊ ပန်စခြံငယ်လေးထဲတွင် ယမ့်ဟန်တစ်ယောက်တည်း ထိုင်ရင်းကျန်နေခဲ့သည်ကို သတိရသွားပြီး ၊ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအေးများ ထွက်လာခဲ့သည်။

ပြန်ပြေးလာသည့် အချိန်တွင် ယမ့်ဟန်၏ လေးဖက်လေးတန်ကို စိုက်ကြည့်နေမိပြီး ၊ သန့်ရှင်းရေး အစ်မကြီးကိုတောင်မှ သူ အကြိမ်တော်တော်များများ စိုက်ကြည့်လိုက်မိသေးသည်။သန့်ရှင်းရေး အစ်မကြီးက ရုတ်တရက်ကြီး လက်ကိုမြှောက်ကာ ဆံပင်အတုကို ဆွဲချွတ်လိုက်ပြီး ၊ လှည်းအောက်ဆီမှ စက်သေနတ်ကို ဆွဲထုတ်ယူလိုက်မှာကို ကြောက်နေမိလို့ဖြစ်သည်။

ဖိနပ်ချွတ်သည့် အချိန်ရောက်မှသာ ၊ ခြေကျင်း၀တ်က နာလွန်း၍ ထိလို့ပင် မရတော့ကြောင်းကို သူ သတိပြုမိလိုက်သည်။ပုံမှန်အချိန်ဆို အားသိပ်သုံးစရာမလိုဘူးဟု ထင်ရသည့် ဒီလိုလှုပ်ရှားမှုက ၊ အခုအချိန်မှာတော့ နာလွန်း ချွေးများပင် စီးကျလာသည်။

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now