အပိုင်း၄၂[U]

1.6K 344 15
                                    

一个钢镚儿(A lucky coin)

အပိုင်း၄၂

ယမ့်ဟန်သည် laptop ကို ပိုက်၍ ကုတင်ခေါင်းရင်းကို မှီလိုက်ကာ ၊ ဦးတည်ရာ မရှိပဲ မြို့တွင်း သရင်းဖိုရမ်တွေကို လျှောက်ကြည့်နေမိသည်။

အဖေ ပျောက်သွားပြီးသည့် အချိန်မှ စတင်ကာ ၊ အဖေရဲ့ အရင်က အကျင့်တွေ သူ့ဆီ ကူးလာခဲ့သည်။နေ့တိုင်း အလုပ်ဆင်း၍ အိမ်ပြန်ရောက်သည်နှင့် ထမင်းစားရင်း မြို့တွင်း သတင်းကို ကြည့်နေတတ်သည်။

သူ အဖေ့ထက် နည်းနည်းပို အဆင့်မြင့်သည်မှာ ၊ သူက ဖိုရမ်တွေကိုပင် ၀င်ကြည့်တတ်ခြင်းဖြစ်သည်။

ဘာကိုကြည့်နေတာလဲကိုတော့ မသိပေ။

အရင်က အဖေ ဘာတွေကို ကြည့်နေမှန်း မသိတာနှင့် တစ်ပုံစံတည်းပင်။

အကယ်၍များ တစ်ခုခု အပြောင်းအလဲ ရှိလာပါက ၊ တစ်စုံတစ်ယောက်၏ အမှတ်တမဲ့ ပြောလိုက်မိသည့် အကြောင်းအရာတစ်ချို့ ၊ စကားတစ်ခွန်းတစ်လေဆီကနေ ၊ သူ ခံစားလို့ ရကြောင်းကိုသာ သိသည်။

ယခုလို အခြေအနေမျိုးကို ၊ အမှန်အတိုင်းပြောရလျှင် ၊ သူ အတော်လေး ဆန့်ကျင်နေမိသည်။

သူ တစ်ချိန်လုံး အဖေထွက်ပေါ်လာမည်ကို စောင့်နေမိသည်။အဖေနှင့် ပတ်သတ်သည့် ဘယ်လိုသတင်းမျိုးကို မဆို သူ ရှာတွေ့ချင်မိသည်။တစ်နည်းအားဖြင့် ဆိုရလျှင် ဘ၀၏ အတိတ်နမ်ိတ် အချို့ကို လိုက်လံရှာဖွေနေသလိုပင်။

သို့သော်လည်း ယခုအချိန်မှာတော့ သူ အရင်ကလို မဟုတ်တော့ပေ။

သူ ဘယ်သူနဲ့မှ နေရာအနှံ့ကို လွတ်လွတ်လပ်လပ် ထပ်ပြီး လျှောက်သွားတော့မှာမဟုတ်တော့သလို ၊ ဒီနေ့တစ်ရက်တည်းကိုပဲ ကြည့်ပြီး နေနေတော့မှာလည်း မဟုတ်တော့ပေ။သူ့မှာ စွန့်လွှတ်ရမည့် အရာတွေ အများကြီး ရှိနေသေးသည်။

ထိုကိစ္စများကို သူ စွန့်လွှတ်လိုက်မှာတော့ မဟုတ်ပေ။သို့သော်လည်း ဒီလိုအခြေအနေမျိုးက နောက်တစ်ချိန် ပြန်ဖြစ်လာဖို့ မရှိတော့ပေ။

မနှစ်က ၊ သူ ချူးယိကို တွေ့လိုက်ရသည့် အချိန်တွင် ၊ ထိုကလေးက တစ်ခါတစ်လေ စိတ်ပူစရာ ကောင်းသည်ဟု သူ ထင်ခဲ့ဖူးသည်။အရာအားလုံးကို တိတ်တဆိတ် သည်းခံနေကာ ၊ နေ့စဥ်ဖြစ်ပျက်နေကျ ကိစ္စလိုမျိုး ပြောင်းလဲ မှတ်ယူနေလေသည်။

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now