一个钢镚儿(A lucky coin)
အပိုင်း၄၈
ချူးယိမှာ အတော်ကြာသည်အထိ ဘာစကားမှ မပြောနိုင်ပေ။အသားတစ်တုံးကို ကိုင်ထားရင်း ပုံစံဖြင့်သာ ကျိုးချွမ်းရန်ကို ကြည့်နေမိသည်။
ကျိုးချွမ်းရန်က စကားကို ရှင်းရှင်းလင်းလင်း ပြောပြီးပြီပင်။
ချူးယိမှာတော့ အချိန်တိုအတွင်း ဘယ်လိုပြန်ပြောလိုက်ရမလဲကို မသိသေးပေ။
ဒီလိုအခြေအနေမျိုး၌ ၊ သူ့စိတ်ထဲ ပထမဆုံး ပေါ်လာသည့် အတွေးမှာ ၊ ကျိုးချွမ်းရန်က်ို နည်းနည်း မနာလို ဖြစ်နေခြင်းပင်။
ကျိုးချွမ်းရန် ဘာပဲလုပ်လုပ် ၊ ဘာပဲပြောပြော အမြဲတမ်း အဲ့လိုကိုယ့်ကိုကိုယ်ယုံကြည့်မှု ရှိနေတတ်သည်။ထိုအရာမှာ သူ့ တစ်ဘ၀လုံး မလုပ်ဆောင်နိုင်သည့် အရာပင်။သူ ရုတ်တရက်ပင် ကျိုးချွမ်းရန်က်ို အရမ်း မနာလို ဖြစ်မိသွားသည်။
"အမှန်တော့ ငါ မင်းကို ဒီလေါက် ရှင်းရှင်းလင်းလင်း မပြောပြလည်း ရတာပဲ"
ကျိုးချွမ်းရန်က ပြောသည်။
"တစ်ခြားလူသာ ဆိုရင် ငါ ဒီအတိုင်း တိုက်ရိုက်သွားပြီးတော့ ဖွင့်ပြောဖြစ်မှာပဲ ၊ အဆင်ပြေရင်လည်း ပြေတယ်ပေါ့ ၊ မပြေတော့လည်း မေ့လိုက်ရုံပဲ"
ချူးယိက ကျိုးချွမ်းရန်ကို ကြည့်လိုက်သည်။
"မင်းကျတော့ မတူတော့ဘူး"
ကျိုးချွမ်းရန်က သက်ပြင်းချလိုက်ပြီး
"မင်း ပြောကြည့် ၊ တစ်လအတွင်းမှာပဲ ၊ မင်းက ငါ့ကို နှစ်ကြိမ်တောင် ကူညီထားတာ ၊ ပြီးတော့ ဒဏ်ရါတောင် ရသွားသေးတယ် ၊ အဆောင်မှာဆို မင်းနဲ့ငါက ဆက်ဆံရေး အကောင်းဆုံးပဲ"
ချူးယိကတော့ ကျိုးချွမ်းရန်ကို ကြည့်နေမိဆဲပင်။
တဖြည်းဖြည်း အသိပြန်၀င်လာချိန်မှာတော့ ၊ ချူးယိမှာ ကျိုးချွမ်းရန်အား မနာလိုနေရာမှ ယခုကြုံတွေ့နေရသည့် ပြဿနာကို ပြန်သတိရသွားခဲ့သည်။