一个钢镚儿(A lucky coin)
အပိုင်း၆၉
အဆောင်က လူတွေအကုန်လုံး စိတ်၀င်တစားဖြင့် အနားကို ၀ိုင်းအုံလာကြပြီး ၊ ချူးယိ၏ "ချစ်မှုရေးရာ"အကြောင်းကို ဆက်မေးကြရန် ပြင်လိုက်သည့် အချိန်၌ ၊ ကျ်ိုးချွမ်းရန်က လက်ခုပ်တီးလိုက်ပြီး :
"သရေစာတွေ စားရင် ဗ်ိုက်ဆာလာပြီ ၊ အသားတုတ်ထိုးကင် သွားစားရအောင်"
ဆောင်းရာသီ အေးအေးတွင် ၊ အပြင်ဘက်ရှိ ဆောင်းလေက ခိုက်ခိုက်တုန်အောင် အေးလွန်းလှရာ ၊ အစားအသောက် မက်သူများအဖို့ ကျိုးချွမ်းရန်၏ ထိုစကားက အလုံးစုံ ဆွဲဆောင်သွားနိုင်ခဲ့သည်။အကုန်လုံးက တစ်ပြိုင်နက် တစ်သံတည်း အော်ပြောလာကြသည်။ :
"သွားမယ် ! "
"ဒါဆို သွားကြစို့"
ကျိုးချွမ်းရန်က လက်ယမ်းပြလိုက်ပြီး
"တကယ်တော့ ငါ ထရယ်ပန်ရှောင်းကို အရမ်းစားချင်နေတာ.....ကျောင်းနားမှာ မရှိတာ နှမြောစရာပဲ"
အကုန်လုံးမှာ အစားအသောက်ကောင်းများအကြောင်း တွေးတောနေကြရင်း ၊ အပြင်ကို အတူတူ ထွက်လာခဲ့ကြသည။
ချူးယိက လူအုပ်ကြီး၏ အနောက်ဆုံးကနေ လိုက်လာခဲ့လိုက်သည်။သူ အရမ်းကြီး ဗိုက်ဆာ မနေပေ။
ကျိုးချွမ်းရန်က ခြေလှမ်းကို နှေးချလိုက်ပြီး ချူးယိဘေးနား ရောက်လာသည်။
"မင်းရဲ့အကြောင်းကို"
ကျိုးချွမ်းရန်က အသံတိုးတိုးဖြင့် ပြောလာသည်။
"အဆောင်ကလူတွေကို ပြောပြမနေနဲ့"
"အာ?"
ချူးယိမှာ ချက်ချင်း အသိမ၀င်လာသေးပဲ ကျိုးချွမ်းရန်ကို ကြည့်လိုက်မိသည်။
"ရည်းစားထားတာ ၊ မထားတာ ၊ ဘယ်သူနဲ့ ရည်းစားဖြစ်နေတာ"
ကျိုးချွမ်းရန်က ပြောလာသည်။
"ကိုယ့်ဘာသာ သိနေရင် ရပြီလေ ၊ တစ်ခြားလူတွေကို လိုက်ပြောပြမနေနဲ့"
"အင်း"
ချူးယိက ခေါင်းညိတ်ပြလိုက်ပြီး ၊ စဥ်းနေရင်းဖြင့် တစ်ခွန်းထပ်မေးလိုက်သည်။