အပိုင်း၅၈[U]

1.7K 331 14
                                    

一个钢镚儿(A lucky coin)

အပိုင်း၅၈

ချူးယိက ခွင့်လေးရက် ယူထားသည်။တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိဖြစ်သည်။သို့သော်လည်း ယမ့်ဟန် ဆေးရုံကဆင်းရမည့်ရက်မှာ သောကြာနေ့ဖြစ်တာကြောင့် ၊ ကြာသပတေးနေ့ရောက်ချိန်တွင် အတန်းပိုင်ဆရာကို ဖုန်းဆက်ပြီး ခွင့်တစ်ရက် ထပ်ယူချင်ကြောင်း ပြောလိုက်ရသည်။

"မင်း အစကတည်းက ခွင့်ငါးရက် ယူလိုက်ရင် ပြီးရော မဟုတ်လား? စနေတနင်္ဂနွေပါ ထပ်ပေါင်းလိုက်ရင် ခွင့်ရက်ရှည် ယူပြီးသားဖြစ်သွားပြီ"

အတန်းပိုင် ဆရာက ပြောလာသည်။

"အဲ့ဒါက အရမ်း သိ,သာတယ်လေ"

ချူးယိက ပြန်ပြောလိုက်သည်။

"ဒီတစ်ရက်တည်းပဲ ပိုလာတာကို"

အတန်းပိုင် ဆရာက ပြောသည်။

"ငါတို့က စက်မှုသက်မွေးပညာကောလိပ်ဆိုပေမယ့် ၊ အရမ်း အေအေးဆေးဆေး နေနေလို့ မရဘူးလေ ၊ ဒီပညာတွေ သင်နေတာက ကိုယ့်အတွက်ပဲဟာ"

"အင်း"

ချူးယိက ပြန်ပြောလိုက်သည်။

စနေတနင်္ဂနွေ မဟုတ်တာကြောင့် ၊ အဆောင်ကလူတွေကို လာကြိုဖို့ သူ မခေါ်တော့ပေ။ဘယ်လိုပဲ ဖြစ်ဖြစ် အရမ်းကြီး အေးဆေးမနေဖို့ အတန်းပိုင် ဆရာကပင် ပြောထားပြီဖြစ်သည်။အဆောင်ကလူတွေကို အတန်းလစ်ပြီး အဆောင်မှ အိပ်ခိုင်းတာမှ ကောင်းဦးမည်။သူတို့ကို ထွက်လာခဲ့ရန် ခေါ်ဖို့ မကောင်းပေ။

ပစ္စည်းလည်း မများတာကြောင့် ၊ ချွေးယိ၏ ကားတစ်စီးတည်းဖြင့်ပင် အကုန်သယ်လို့ရသည်။

"လုပ်စရာရှိတာတွေတော့ လုပ်လို့ပြီးပြီ"

ချွေးယိက ဘေလ်စာရွက်အချို့ကို ကိုင်ရင်း လျှောက်လာခဲ့ပြီး

"သွားစို့....မင်း ဘေလ်ကို ကြည့်ဦးမလား?"

"မကြည့်တော့ဘူး"

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now